ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည်

ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
20 Feb 2017 12:24 pm တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး
Metallica မှ လိဒ်ဂစ်တာသမား kirk hammett သည် စင်မြင့်ပေါ်တွင် တစ်ကိုယ်လုံးအမည်းရောင်သားရေများဖြင့် ဝတ်စားထားခြင်းကို တွေ့မြင်ရမည်ဖြစ်သော်လည်း နေထိုင်ရာနေအိမ်မှာမူ ဖိတ်ဖိတ်လက်တောက်ပနေသည့် အဆင့်မြင့်ဇိမ်ခံလူနေအိမ်ကြီး ဖြစ်လေသည်။

Metallica အဖွဲ့၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုခဲ့ကြရာ၌ အောင်မြင်မှုအရခဲ့ဆုံးမှာ လေးဖြူ၏ “ထွက်ပေါက်” သီချင်းဖြစ်သည်။
ထွက်ပေါက်သည် Metallica ၏ Enter Sandman အမည်ရှိသီချင်းကို ပြန်လည်သီဆိုထားခြင်း ဖြစ်သည်။

Kirk Hammett သည် ယခုအခါ အသက် ၅၄ နှစ်ရှိနေပြီဖြစ်သော်လည်း နုပျိုဆဲဖြစ်၏။
ရောင်းချမည့်နေအိမ်မှာ ဆန်ဖရန်စစ္စကိုတွင် တည်ရှိပြီး နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ မူလက ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ဒေါ်လာ ၂ သန်း ဈေးလျှော့ချပေးလိုက်ပြီး ကန်ဒေါ်လာ ၁၄ သန်းဖြင့် ပြန်လည်ဈေးကွက်တင်လာခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာ၏ အံ့ဖွယ်ရှုခင်းများကို မြင်တွေ့ရသည့် နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ စံမီဧည့်ခန်း၊ ညစာစားခန်း၊ မိသားစုခန်းမ၊ ကြီးမားကျယ်ပြန့်သော မီးဖိုဆောင်၊ ခရုပတ်လှေကားနှင့် ဆင်ခြေလျှောပန်းဥယျာဉ်များ ပါဝင်သည်။

၁၉၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်အဝန်း ၃၈၈ စတုရန်းမီတာကျယ်ဝန်းကာ မူရင်းမီးလင်းဖိုတစ်ခု ပါဝင်သည်။
နောက်ဆုံးမှတ်တမ်းများအရ ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းဖြင့် နောက်ဆုံးအရောင်းအဝယ်ပြုလုပ်ခဲ့သည်။

(အရေးပါသည့်အချက်အလက်များ)
စတိုင်၊ ရိုးရာဓလေ့
စတုရန်းတစ်ပေပေါက်ဈေး- ကန်ဒေါ်လာ ၃၃၄၉
ဈေးကွက်တင်ထားသည့်ရက်ပေါင်း- ၈၂ ရက်
အခြေအနေ- အရောင်းအဝယ်ပြုလုပ်နိုင်ဆဲ
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း
မီးဖိုဆောင်နှင့် ညစာစားခန်း- ဓာတ်ငွေ့စီစဉ်ထားသည်။ မတ်တပ်ရပ်မီးဖို၊ မီးဖိုစင်မြှုပ် မုန့်ဖို၊ ရေခဲသေတ္တာ၊ ရေခဲစက်၊ ပန်းကန်ဆေးစက်၊ မိုက္ကရိုဝေ့ဖ်၊ ဖော်မီကာကောင်တာ၊ အုပ်ကြွပ်ကောင်တာ၊ နံနက်စာနေရာ၊ နံနက်စာစားခန်း၊ စားနပ်ရိက္ခာသိုလှောင်ခန်း
(နေအိမ်ပြင်ပသွင်ပြင်များ)
မြင်ကွင်း- သမုဒ္ဒရာရေပြင်၊ ပန်းဥယျာဉ်၊ တောင်တန်းများ
ကားလမ်း/လူသွားလမ်း- ကျောက်ခင်းကားလမ်း၊ ကျောက်ခင်းလျှောက်လမ်း
ခြံဝန်းအကျယ်-၆၇၆၀ စတုရန်းပေ
ပင်မအထပ်- ရေချိုးခန်း ၁ ခန်း၊ ဧည့်ခန်း၊ ညစာစားခန်း၊ မိသားစုအခန်း၊ မီးဖိုဆောင်၊ အဝတ်လျှော်ခန်း
မြေအောက်ခန်း- သိုလှောင်ခန်း၊ အခန်းပို
အပေါ်ထပ်-အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ master bedroom တစ်ခန်း
ကြမ်းပြင်- တစ်စိတ်တစ်ပိုင်း ကော်ဇောခင်း၊ တစ်စိတ်တစ်ပိုင်း သစ်မာသားခင်း
မြို့ - ဆန်ဖရန်စစ္စကို
ပြည်နယ်-ကယ်လီဖိုးနီးယား
ဇုန်- Rh-1(D)
(အထွေထွေ)
ဥယျာဉ်၊ မြေယာအလှဆင်ခြင်း (ရှေ့) ၊ မြေယာအလှဆင်ခြင်း (ဘေး) ၊ မြက်ခင်းရေဖြန်းခြင်း (အလိုအလျောက်စနစ်) ၊ စည်းရိုးခတ်ခြံဝန်း၊ မီးခိုးအချက်ပေးစနစ်၊ အင်တာကွန်း၊ လုံခြုံရေးသတိပေးစနစ်၊ လုံခြုံရေးစည်းရိုး၊ လုံခြုံရေးဂိတ်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား kirk hammett ၏ နေအိမ် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service