ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းရှိ ပြည်လမ်း ဘူတာကိုအဆင့်မြှင့်တင်ခြင်း
လုပ်ငန်း များ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ် ၍ ယခုဘဏ္ဍာနှစ်မကုန်ခင်တွင် အ များပြည်သူထံအပ်နှံသွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားလုပ်ငန်း မှသိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာနှင့် စိန်ဂေဟာစင်တာအ နီးရှိ ပြည်လမ်းဘူတာကို ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းရှိ ဘူတာရုံ ၃၈ ဘူတာအနက်မှ စံပြဘူတာအဖြစ် ပထမဆုံးအဆင့်မြှင့်တင်သော ဘူတာ ဖြစ်ပြီး အဆိုပါဘူတာအဆင့်မြှင့်တင် ခြင်းကို ပြီးခဲ့သည့်
အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပလက် ဖောင်းမြှင့်တင်ခြင်း၊ ဘူတာရုံအားနှစ် ထပ်ဘူတာအဖြစ် အဆင့်မြှင့်တင် ခြင်း၊ ရထားစီးခရီး
သည်များ မိုးလုံ လေလုံစေရန်အတွက် ပလက်ဖောင်း တစ်ဖက်စီ၌ အမိုးများတပ်ဆင်ပေး ခြင်း စသည်တို့ဖြင့် အဆင့်မြှင့်တင် ခြင်းများ လုပ်ဆောင်နေသည်။
မြန်မာ့မီးရထား၊ သွားလာရေး ဌာနမှ တိုင်းမန်နေဂျာ ဦးဇော်လွင် က ""ပြည်လမ်းဘူတာကိုပထမဆုံး စံပြအနေနဲ့လုပ်ထားတဲ့ဘူတာလည်း
ဖြစ်ပါတယ်။ ဒီပြည်လမ်းဘူတာကို ကြည့်ပြီးတော့ သူရဲ့ပုံစံက အဆင်ပြေ တယ်ဆိုရင် ကျန်တဲ့ဘူတာတွေလည်း အဲဒီအတိုင်းလုပ်မှာပါ""ဟု ဖေဖော် ဝါရီ ၁၇ ရက်ကပြောသည်။
ယင်းကဲ့သို့ ပြည်လမ်းဘူတာ အားဘူတာရုံအဆင့်မြှင့်တင်ခြင်းအ ပါအဝင် ပလက်ဖောင်းမြှင့်တင်ခြင်း များလုပ်ဆောင်နေသကဲ့သို့ တခြား သော ဘူတာများဖြစ်သော လမ်းမတော်ဘူတာ၊ ရှမ်းလမ်းဘူတာ၊ အလုံ ဘူတာ၊ ပန်းလှိုင်လမ်းဘူတာ၊ ဟံသာ ဝတီဘူတာစသည့် ဘူတာများတွင် လည်း ပလက်ဖောင်းမြှင့်တင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ဂျပန်မှမှာယူထားသော RBE ရထားတွဲများမှာ ခရီးသည်များအ တက်အဆင်းပြုလုပ်ရာတွင် မြင့်မား သည့်အတွက်ကြောင့် ခရီးသည်များ အဆင်ပြေမှုရှိစေရန်အတွက် ယင်းကဲ့သို့ ပလက်ဖောင်းများ မြှင့်တင်ခြင်း
ဖြစ်ကြောင်း သိရသည်။
""RBE တွဲတွေက နည်းနည်း မြင့်တယ်။ အဲဒီတော့ ခရီးသည်တွေ အနေနဲ့ အတက်အဆင်းကျတော့မ လွယ်ကူဘူး။ ဒါကြောင့် ခရီးသည် တွေ အတက်အဆင်းလွယ်ကူသွား အောင်လို့ ပလက်ဖောင်းတွေကို
မြှင့် ပေးတာပါ။ ဒီဟာတွေကို အဆင့်မြှင့် တင်တာကတော့ အခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်ရရှိမှုအပေါ် မူတည်ပြီးတော့ လုပ်ဆောင်တာပါ။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရောက်တဲ့ အခါမှာတော့ ဘတ်ဂျက်ရရင်ရသလို ဆက်လက်ဆောင်ရွက်သွားမှာပါ""ဟု ဦးဇော်လွင်က ဆက်လက်ပြော သည်။
Credit: Democracytoday