ဗီယက်နမ် အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်
ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ စိတ်အားထက်သန်နေ
လျက်ရှိတယ်လို့ ဗီယက်နမ်သတင်းစာတစ်စောင်မှာ ထုတ်ဖော်ရေး
သားထားပါတယ်။
လက်ရှိအချိန်မှာတော့ ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ လာရောက်လုပ်
ကိုင်နေတဲ့ ထိပ်ဆုံး ရင်းနှီးမြုပ်နှံသူ ဆယ်ဦးစာရင်းမှာ ပါဝင်နေပြီး
လုပ်ငန်းပေါင်း ၈၀၊ ရင်းနှီးမြုပ်နှံမှုတန်ဖိုးပေါင်း ဒေါ်လာ ၁ ဘီလီယံ
လောက်နဲ့ လုပ်ကိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။
အလားတူ ယခုအချိန်မှာ ဗီယက်နမ်ရဲ့ အဓိကလုပ်ငန်းကုမ္ပဏီကြီး
တွေဖြစ်တဲ့ Hoang Anh Gia Lai ၊ BIDV ဘဏ်နဲ့ Vietel တို့ဟာ
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေလျက်ရှိပါတယ်။
အလားတူ ၂၀၁၆ ခုနှစ်က ဗီယက်နမ်-မြန်မာ အပြန်အလှန် ကုန်သွယ်
မှုတန်ဖိုးပေါင်း ဒေါ်လာ ၅၃၆ သန်း ထိ ရှိခဲ့သလို ယင်းနှစ်ရဲ့တစ်နှစ်တာ
မျှော်မှန်းချက် ဒေါ်လာ သန်း ၅၀၀ ကို ကျော်လွန်နိုင်ခဲ့ပါတယ်။ လက်ရှိ
အချိန်မှာ ဗီယက်နမ်ဟာ ဒေါ်လာ သန်း ၄၅၀ ကျော်ဖိုးရှိ ပို့ကုန်တွေ
တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း မြန်မာရဲ့ စီးပွားကူးသန်းဝန်ကြီး
ဒေါက်တာသန်းမြင့် နဲ့ ဗီယက်နမ် စီးပွားရေးဝန်ကြီး တို့အကြား
တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုတိုးပွားရေး
ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးတိုးမြင့်ဖို့ နှစ်နိုင်ငံ
စလုံးက သဘောတူထားသလို ကုန်သွယ်မှုတွေ အဆင်ပြေချောမွေ့
စေဖို့ အရှေ့-အနောက် စီးပွားရေးစင်္ကြန်ကို အသုံးပြုနိုင်ရေးလည်း သဘောတူထားပါတယ်။
အလားတူ မြန်မာနိုင်ငံဆီ ဘိလပ်မြေတင်ပို့ဖို့အတွက် ဗီယက်နမ်
လုပ်ငန်းရှင်တွေကို မြန်မာဘက်က ကူညီပေးဖို့ ဗီယက်နမ်စီးပွား
ရေးဝန်ကြီးက တောင်းဆိုသွားပါတယ်။
Credit: Vietnamnews