အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် ပွဲ ဖြစ်နေကြတာတွေ ပျော်စရာပင်

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် ပွဲ ဖြစ်နေကြတာတွေ ပျော်စရာပင် - Property News in Myanmar from iMyanmarHouse.com
20 Feb 2017 11:19 am တွင် တင်ခဲ့သည်
1664 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ ခုနှစ်သည် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးလာသည့်နှစ်ဟု ဆိုရမည်။ ဇန်နဝါရီလဆန်းကပင် အရောင်းအဝယ် အငှား ဈေးကွက်များ နိုးထလာသည်ကို တွေ့ရသည်။ ရန်ကုန်မြို့သစ်များ၌ သူ့ရပ်ကွက်နှင့်သူ အရောင်းအဝယ်များ ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့် မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်ကြီး၊ ဆိုင်သေး၊ မည်သည့် ဆိုင်တွင်မဆို လက်ဖက်ရည်သောက် သူများ၏ စကားဝိုင်းတွင် အိမ်ခြံမြေ အကြောင်းများကို မပါမဖြစ် ဆွေးနွေးနေကြသည်ကို မြင်တွေ့ ရသည်။

ကြက်ဖနှစ် စီးပွားရေး၊ အခွင့်အရေး ဘယ်လိုရှိမည်လဲ

ထို့အတူ ယခုနှစ်သည် တရုတ်လူမျိုးတို့၏ တရုတ်ရိုးရာဗေဒင်အရ "ကြက်ဖ" နှစ် ဟု ဆို၏။ လူမှုရေးတွင် မိတ်ဆွေသစ်များ၊ ကူညီမည့်သူ များ ပေါ်မည်။ စီးပွားရေး နှင့် ပတ်သတ်၍ အခွင့်အရေးကောင်းများကို ကြုံတွေ့နိုင်၏။ စီးပွားရေး တည်ဆောက်မှု အမျိုးမျိုးနှင့် စက်မှုသုံးကိရိ ယာ များက နေရာယူထား၏ ဟု ဥာဏ်ထွန်း(ရေနံ) က" မီးကြက်နှစ်မွန် ၂၀၁၇" ဆောင်းပါးတွင် ရေးသားထားသည်ကို တွေ့ရသည်။

ကျွန်ုပ်ဆိုလျှင် စီးပွားရေး တည်ဆောက်မှု အမျိုးမျိုးနှင့် စက်မှုသုံးကီရိယာများ အတွက် မြေနေရာများစွာ လိုအပ်မည်ဖြစ်၍ မြေကွက်ဈေးများ လည်း ကောင်းလာမည် ဟု ယုံကြည်ရပေသည်။ တရုတ်ရိုးရာဗေဒင်အရ "ကြက်ဖနှစ်" ကို လေ့လာစောင့်ကြည့်ရမည် ဖြစ်သော်လည်း ယခုလက်ရှိ ရန်ကုန်မြို့တွင်းနှင့် မြို့သစ်အိမ်ခြံမြေဈေးများက ကောင်းလာသည်ကတော့ အမှန်ပင် ဖြစ်သည်။

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် ပွဲဖြစ်နေကြ တာတွေ့မြင်

ထို့ကြောင့် အိမ်ခြံမြေ ဝယ်ယူ၍ မြှုပ်နှံထားသူလိုသူများမှာ ရန်ကုန်အရှေ့ ဘက်ခြမ်းတွင် ဝယ်ယူရန် အားသန်သူများက ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်များတွင် ကွင်းဆင်းလေ့လာ၍ သိန်း(၁၀၀) ပတ်ဝန်းကျင် မှ သိန်း(၅၀၀) အထိ အနိမ့်မြေကွက်များ ဝယ်ရောင်း လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ ထို့အတူ ရန်ကုန်မြို့ အနောက် ဘက်ခြမ်းဟု ဆိုရမည့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်များကလည်း သူ့နေရာနှင့်သူ အရောင်းဈေးကွက်၊ အငှားဈေးကွက် တစ်ခုမဟုတ် တစ်ခု ဖြစ်နေကြသည်ဟု သိရသည်။

အိမ်ခြံမြေ တက် ဈေးကိုမျှော်၊ ရင်းနှီးထားချင်တာ လူတိုင်းနော်

စာရေးသူနှင့် ဆက်သွယ်၍ အိမ်ခြံမြေ ဝယ်လိုသူများမှာ ပြန်လည် ရောင်းချဖို့ထက် (၆)လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ တက်ဈေးကို စောင့်၍ ရောင်းမည့်သူများ ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းးတို့ဝယ်လိုသည့် မြေကွက်များမှာ အရှုပ်အရှင်းကင်းကင်း ကန့်ကွက်ချက်ကင်းကင်း မြေကွက်မျိုးကိုသာ ဝယ်လိုကြသည်။ ထို့ပြင် မြေကွက် အရောင်းအဝယ် အေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေဈ အခြေအနေ အချိန်အခါအရ တည်ငြိမ်အေးချမ်းပြီး အတက်ဘက်သို့သာ ဦးတည်နေသည့် နေရာမျိုးကို ရွေးချယ်၍ ဝယ်ပေးစေလိုကြသည်။

ရပ်ကွက်အတွင်းက (၁၀'x၆၀') မြေတစ်ကွက် သိန်း ၄၀ နှင့် ဝယ်ဖို့အခက်

ဤသို့ အားကိုးတကြီးဖြင့် ရောက်လာကြသူ အချို့ကြောင့် မြေကွက် ဝယ်လိုသူများအတွက် တာဝန်ကြီးသူက စာရေးသူ ဖြစ်လာတယ်။ ယခုတလော မြေကွက် ဝယ်လိုသူများကလည်း ဈေးအများကြီးတန်သော မြေကွက်များထက် တစ်ပိုင်တစ်နိုင် ခြေနိုင်လက်နိုင် သိန်း ၄၀ မှ သိန်း ၈၀ နီးပါး မြေကွက်များကိုသာ ဝယ်လိုကြသည်။ ယင်းဈေးနှုန်း အနေအထားဖြင့်ဆိုလျှင် ရပ်ကွက်အတွင်း (၁၀'x၆၀') မြေကွက်တောင် ဝယ်မရနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။

(၄၀'x၆၀') မြေကွက်တစ်ကွက်၊ သိန်း (၄၀)အထက် ပေးနိုင်လျှင် ရွာပြင်ထွက်၍ ကြည့်နိုင်သည်

ဤသို့ ရပ်ကွက်အတွင်းမရနိုင်မှန်းသိရသဖြင့် ရွာပြင်ထွက်ရတော့သည်။ ရွာပြင်ထွက်သည်ဆိုသော်လည်း ရပ်ကွက်နှင့်ဝေးပြီး ခေါ်မကြား၊ အော်မကြား ဝေးလံခေါင်ဖျားသည့်နေရာမျိုးတော့ မဖြစ်စေရပါ။ ရပ်ကွက်တွေနဲ့လည်း နီးပြီး ကားလမ်းမကြီးနှင့်လည်း မနီးမဝေး နေရာမျိုး ဖြစ်ဖို့လည်း လိုပြန်သည်။

အနိမ့်ဆုံးဈေး သိန်း ၄၀၊ သိန်း ၈၀ တန် (၄၀'x၆၀') မြေကွက်တစ်ကွက် ရဖို့ရန်မှာ လွယ်ကူသည့်အလုပ်တော့ မဟုတ်ပါ။

ယင်းကဲ့သို့ ပေါ့ပေါ့ပါးပါး ဈေးနှုန်းနှင့် ရနိုင်ရန် အိမ်ခြံမြေ အကျိုးဆောင် ဂျာနယ်၊ ရွှေဆဋ္ဌဂံ ဂျာနယ်၊ ဈေးကွက်ဂျာနယ်၊ ကြော်ငြာများတွင် မူးနောက်အောင် ရှာဖွေကြည့်သော်လည်း တစ်ခါတစ်ရံမှသာ တွေ့နိုင်သည်။ သည်တော့လည်း စာရေးသူ ကိုယ်တိုင် စိတ်ကြိုက်၊ ဝယ်ယူသူ စိတ်တိုင်းကျ ဖြစ်ဖို့အတွက် ရပ်ကွက်အတွင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဆက်သွယ်ရတော့သည်။

သုံးနိုင်သောငွေ၊ ပေးနိုင်သည့် ဈေး၊ အကျိုးဆောင်က လက်မနှေး၊ ချက်ချင်း ရှာဖွေပေး

ရပ်ကွက်အတွင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဆက်သွယ် ကြည့်သည့်အခါမှ အိမ်ခြံမြေ အကျိုးဆောင် ဂျာနယ်တွင် တွေ့ရခဲသော သိန်း(၄၀) သိန်း (၅၀) သိန်း (၇၀) စသည့် ပါမစ်မြေ၊ ဂရန်မြေကွက်များကို တွေ့လာရသည်။ အင်တာနက်ခေတ် ဖြစ်၍လားမသိ၊ စာရေးသူက သိန်း ၅၀ မှ သိန်း ၇၀ အထိ မြေကွက်များကို ဝယ်လိုကြောင်း ပြောပြလိုက်သည်နှင့် ပွဲစားအချင်းချင်း ချိတ်ဆက်ကာ သိန်း(၇၀)အထိ ဆိုလျှင် ဒဂုံတောင် ၁၀၅၊ ၁၀၆ ရပ်ကွက်နှင့် ကျီစုရွာကြားရှိ ၁၄၅၊ ၁၄၆၊ ၁၄၇ ရပ်ကွက်များတွင် ရောင်းရန်ရှိကြောင်း၊ မည်သည့်မြေကွက်များ ဖြစ်ကြောင်း ဖုန်းတွင် အဆင်သင့် ထည့်သွင်းထားသည့် မြေပုံကို အထောက်ပြနိုင်သည်အထိ မြန်ဆန်ထိကျသည်ကို တွေ့ရသည်။

ဒဂုံဆိပ်ကမ်းတွင် ဝယ်လိုပါက (၄၀'x၆၀') မြေတစ်ကွက်လျှင် အနည်းဆုံးဈေး (၇၅) သိန်းမှ သိန်း (၉၀)ထိ ဈေးပေါက်နေကြောင်း ယင်းမြေကွက်နံပါတ်များမှာ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆ ရပ်ကွက်များမှ မည်သည့်မြေကွက် များ ဖြစ်ကြောင်း ချက်ချင်း သိရသည်။

စာရေးသူက ယင်းတို့ ပြောစကားများ မှန်မမှန် သိနိုင်ရန် အခြားသိကျွမ်းသည့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးနှင့်ချိတ်ဆက်၍ မေးမြန်းကြည့်ရာ ဈေးနှုန်းများမှာ တစ်ထပ်တည်းဖြစ်နေကြောင်း သိရသည်။

ကြီးကြီးဝယ်မှာလား၊ သေးသေးဝယ်မှာလား၊ Facebook ပေါ်မှာ ရှာကြည့်ရင် ဈေးမများ

သို့ဖြစ်ပါ၍ တန်းဖိုးနည်း မြေကွက်ဝယ်လိုသူများ အနေဖြင့် မိမိဝယ်လိုသည့် မြို့နယ်၊ မိမိဝယ်နိုင်သည့်ဈေးနှုန်းများနှင့် ကိုက်ညီမည့်နေရာများကို Facebook ကြော်ငြာတင်ထားသည့် တစ်ပိုင်တစ်နိုင် ရပ်ကွက် အိမ်ခြံမြေ အကျိုးဆောင်များ သီးခြားမြေကွက် ကြော်ငြာ၊ သာဓကအားဖြင့်။ မနီ၊ အိမ်ခြံမြေအကျိုးဆောင်တွင် ဈေးနှုန်းကို လေ့လာ ဖတ်ရှုသင့်ပါသည်။

ဥပမာ။ ။ ဒဂုံမြို့သစ် (၄)မြို့နယ်၊ မြေဈေးနှုန်းများကို သိလိုပါက အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒဂုံမြို့သစ်(၄)မြို့နယ်၊ အိမ်ခြံမြေ အကျိုးဆောင် ဝက်ဘ်ဆိုက်တွင် ကြည့်နိုင်သည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service