လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ စက်ရုံတစ်ရုံကို လယ်ယာမြေလျော်ေ ကြး ကျပ်သိန်း ၂၀၀ ကျော် ရလိုကြောင်း တောင်းဆိုမှု ထပ်မံ ဖြစ်ပွားခဲ့သည်။
ယခုတောင်းဆိုမှုသည် အဆိုပါစက်မှုဇုန်အတွင်း စက်ရုံများကို (၁၀) ကြိမ်မြောက် တောင်းဆိုမှုဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်ညတွင် လယ်မြေ ပိုင်ဆိုင်သူများဟုဆိုကာ ငွေတောင်းစာပို့ခဲ့ပြီး မပေးပါက စက်ရုံဝကို ပိတ်ဆို့မည်ဟု ရေးသားထားကြောင်း ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌဦးအေးသောင်းက ပြောသည်။
‘‘ဒီအကွက်က ၂၀၀၀ ပြည့် နှစ်လောက်ကတည်းက အ ဆောက်အအုံဆောက်မလို့ ဖောင် ဒေးရှင်းစထားပြီးသား။ အခု အ ဆောက်အအုံပြန်စမယ်ဆိုတော့ မှ ငွေတောင်းတာ။ အရင် ၂၀၁၄ ကတည်းက လျော်ကြေးတောင်း ထားတာလို့ သူတို့စာထဲမှာ ရေး ထားတယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုလျော်ကြေးတောင်းခံ သည့် စက်ရုံသည် မြေကွက် နံပါတ်(၁၆၆)တွင် တည်ရှိသည်။
ငွေကြေးတောင်းခံရမှု ၁၀ မှု အနက် ပြီးခဲ့သော ၂ နှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ခုနစ်မှုကို ငွေပေး ဖြေရှင်းခဲ့သည်ဟု သိရသည်။ ထို့ နောက် လွန်ခဲ့သော နှစ်လအတွင်းက စက်ရုံနှစ်ခုတွင် ပိတ်ဆို့ငွေ တောင်းမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ကျပ် သိန်း ၂၀၀ နှင့် ကျပ်သိန်း ၇၅၀ စီ တောင်းခံခြင်းဖြစ်သည်ဟု ဦးအေးသောင်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက် ပြီး လှိုင်သာယာမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ‘‘ကိစ္စတစ်ခုဖြစ် လာရင် တာဝန်ရှိတဲ့သူက တာဝန် ယူဖြေရှင်းပေးရတယ်။ အခုကိစ္စ က လွှတ်တော်ကိုယ်စားလှယ်တွေ ပြောပေမယ့် အာဏာပိုင်အဖွဲ့အ စည်းတွေက ဆောင်ရွက်တာမျိုး မရှိဘူး’’ဟု ဆိုသည်။
ထို့အပြင် ယခုပြဿနာသည် လယ်ယာမြေပြဿနာဖြစ်ပါက လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြအကူအညီ တောင်းခံနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီတို့ ဇန်နဝါရီ ၂၇ ရက်တွင် ဆွေးနွေးခဲ့သည်။ ထို့အပြင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်နှင့်လည်း ယင်းကော်မတီတို့ ဖေဖော်ဝါရီ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။
စက်ရုံအဝင်ဝကို ပိတ်၍ ငွေ ကြေးတောင်းခံသူများကို စက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီက လယ် သမားအမည်ခံ ငွေခြိမ်းခြောက် တောင်းခံသူများဟု သတ်မှတ်ပြီး ထိုသူများကမူ လယ်သမားဟု သုံး နှုန်းပြောကြားသည်ဟု ဆိုသည်။ ၎င်းတို့သည် စက်မှုဇုန်ရှိ လယ်မြေ များကို လွန်ခဲ့သည့်နှစ် ၂၀ ခန့်က ပိုင်ဆိုင်ခဲ့သည်ဟုလည်းဆိုသည်။ လှိုင်သာယာရှိ စက်မှုဇုန်များကို ၁၉၉၀ တွင် အကောင်အထည် ဖော်ခဲ့သည်။
Credit: 7DayDaily