အိမ်ခြံ မြေ ဝယ်ယူတဲ့အခါမှာ အခွန်ဆောင်ရတဲ့နှုန်းတွေမြင့်မားတာကြောင့် အခွန်ရှောင်ရင်းနဲ့ သိန်းထောင်ချီတဲ့ အကွက်တွေ အရောင်းအဝယ် ရပ်တန့်နေကြပါတယ်။
ရွှေလက်ပံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးကျော်စွာမြင့်က ‘အခွန်နှုန်း ထားတွေကြောင့် အ ရောင်းအဝယ်မဖြစ်တာတွေလဲ ရှိခဲ့တယ်၊ ဟိုနေ့က ဆို သိန်း ၂၅၀ဝ တန်အတွက် ဆိုင်ပြီးပြီ၊ အခွန်နှုန်းကိုတွက်ကြည့်လိုက်တော့ ဝယ် မယ့်သူက တန့်သွားတယ်၊ အဲဒီတော့ ပွဲလန်သွားတာပေါ့”လို့ ပြော ပါတယ်။
အစိုးရသစ် တက်မလာခင် လေးမှာ ချမှတ်လိုက်တဲ့ အိမ်ခြံမြေ အခွန်နှုန်း ထားကြောင့် နေပြည်တော်မှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် မြေကွက်ဝယ်ယူမယ့် သူတွေဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အခြေအနေကို စောင့်ရင်း အခွန်ရှောင်ရင်းနဲ့ သိန်းထောင်ချီတဲ့ မြေကွက်တွေကို ဝယ်ယူဖို့ တွန့် ဆုတ်နေ ကြ တာဖြစ်ပါတယ်။
‘အိမ်ခြံမြေဝယ်မယ့်သူတွေဟာ အခွန်မရှောင်ချင်ကြဘူး၊ သူ တို့ အမည်ပေါက်နဲ့ သူတို့ပိုင်ဆိုင်မှု ခိုင်ခိုင်လုံလုံနဲ့ နေချင်ကြတယ်၊ ဒါ ပေမဲ့ အခွန်နှုန်းကများနေတော့ အခွန်မဆောင်ဘဲ ဒီအတိုင်းနေကြတာ များတယ်”လို့လည်း အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ဝင် ဦးဝင်းဇော် ဦးက သုံးသပ်ပြောကြားပါတယ်။
ယခင်က ချမှတ်ထားတဲ့ အခွန်နှုန်းထားနဲ့တောင် အိမ်ခြံမြေ ဝယ် သူတချို့ ဟာ အခွန်မဆောင်ဘဲ သည်အတိုင်းဝယ်ယူပြီး နေထိုင်မှုတွေ ရှိုနေကြတယ် လို့ လည်းအိမ် ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့ရဲ့ ပြောပြချက်အရသိရပါ တယ်။
အခွန်နှုန်းများ
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက် နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ချမှတ်လိုက်တဲ့ အခွန် နှုန်းထားဟာ မြင့်မားနေတာ ကြောင့် အခွန်ရှောင်စေမယ့် နှုန်းထားမျိုး ဖြစ်တယ်လို့လည်း အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းရှင် တချို့က သုံးသပ်ပြောကြားပါတယ်။
အခွန်နှုန်းထားမှာ ဝယ်သူက သုံးရာခိုင်နှုန်းပေးဆောင်ရမှာဖြစ် ပြီး ရောင်း သူက ၁၀ ရာခိုင်နှုန်းကို သိန်းဂဏန်းမှစပြီး သိန်း ၁၀ဝ၀ အထိ အရောင်း အဝယ်ပြု လုပ်တဲ့သူတွေ အစိုးရကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
တန်ဖိုးအလိုက် ရောင်းရမှုအ ပေါ် ပေးဆောင်ရမယ့် အခွန်နှုန်းတွေက တစ်ကျပ်မှ သိန်း ၃၀ဝ ဆို ရင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၁ မှ ကျပ်သိန်း ၁၀ဝ၀ ဆိုရင် ၂၀ ရာခိုင် နှုန်းနဲ့ ကျပ်သိန်း ၁၀ဝ၀ နဲ့ အထက် ဆိုရင် ၃၀ ရာခိုင်နှုန်းဆိုပြီး ၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေအရ ပေးဆောင်ရ မှာဖြစ်ပါတယ်။
‘အခွန်နှုန်းလျှော့ချပေးမယ် ဆိုရင် လူတိုင်းအခွန်ဆောင်နိုင် မယ်၊ အခွန်ရုံးမှာ ဒီအခွန်နှုန်းနဲ့ အခွန်ဆောင်ဦးရေ ငါးဦးရှိတယ်ဆိုရင် အခွန်လျှော့ချလိုက် မယ်ဆိုရင် အခွန်ဆောင် ဦးရေဟာ ၂၀ ဦးလဲ ဖြစ်လာနိုင်တယ်၊ အဲဒီတော့ အခွန် ရုံးက ဝင်ငွေရရှိမှုနှုန်းလဲ အတူတူပဲ ပါးပါးလေးပုတ်ရင် မသိသာ ဘူး လေ၊ အခု တော့ အခွန်နှုန်းကမျးနေတဲ့အတွက် မဆောင်တာရှိသလို မဝယ်တာလဲ ရှိနေပါတယ်”လို့ ဦးကျော်စွာမြင့်က သုံးသပ်ပြောကြားပါတယ်။
သည်အခွန်နှုန်းထားကြောင့် နေပြည်တော်တစ်မြို့တည်းမှာ သည်လိုဖြစ်နေ တာ မဟုတ်ဘဲ တစ် နိုင်ငံလုံးမှာ သည်အတိုင်းပဲ ဖြစ်နေ ကြတာပါလို့ ဦးကျော်စွာမြင့်က ဆက်ပြောပါတယ်။
ပိုင်ဆိုင်မှု ပြဿနာ
လာမယ့်ဧပြီ ၁ ရက်နေ့မှာ စတင်ကောက်ခံဖို့ ရေးဆွဲနေတဲ့ ၂၀၁၇ ခုနှစ်၊ အခွန်အကောက် ဥပဒေကြမ်းမှာ ယခင်နှစ်ကနှုန်းထား အ တိုင်း ကောက်ခံဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။ ဒါ ကြောင့် ယခုအတိုင်း ဆက်လက် ကောက်ခံမယ်ဆိုရင် ဖြစ်ပေါ်လာ နိုင်မယ့် အကျိုးဆက်ကို အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်နေ ကြတာပါ။
မြေယာခွန်မလျှော့ဘဲ သည်နှုန်းအတိုင်း ဆက်ကောက်ခံနေမယ်ဆိုရင် အခွန်မဆောင်သူများ လာပြီး နောက်ပိုင်းမှာ အရှုပ်အရှင်း မကင်း တဲ့ မြေယာမျိုးတွေ ဖြစ်လာနိုင်ပါတယ်လို့လည်း အိမ်ခြံမြေ လုပ်ငန်းရှင် တချို့က သုံးသပ်ကြပါ တယ်။
တချို့ကျတော့လည်း ဂရန် မြေကွက်တို့၊ ဘိုးဘွားပိုင်မြေကွက် တို့ကို ဝယ် ထားပြီး စာရွက်စာတမ်း အားနည်းချက်ရှိတာကြောင့် မှတ် ပုံတင် စာချုပ် မချုပ်နိုင်တာတွေလည်း တွေ့ရပါတယ်။ မိမိအမည် ဖောက်ရမှာလား၊ တခြား သူအမည် ဖောက်ရမှာလား သေချာမသိသေး တဲ့ သူတွေ ရှိနေကြပါတယ်။
အဲသည်လို စာချုပ်စာတမ်း တွေ ချုပ်ဆိုဖို့ဆိုတာအခွန်နှုန်း ထားတွေ လျှော့ ချပေးမှသာ နောက်ပိုင်း အိမ်ခြံမြေဝယ်ယူတဲ့ သူတွေဟာ အခွန်ဆောင် လာကြမယ်၊ စာရွက်စာတမ်းတွေ ခိုင်မာမှုရှိလာတော့ အရောင်းအဝယ်ပြု လုပ်တဲ့ နေရာမှာလည်း အရှုပ်အ ရှင်းမကင်းတဲ့ မြေမျိုးဆိုတာ မရှိနိုင်တော့ ဘူးလို့ ဦးကျော်စွာမြင့်က သုံးသပ်ပြောကြားပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ အ သင်း သားပေါင်း ၄၀ဝ၀ ကျော် ဦးရေရှိပြီး အ သင်း အဖွဲ့ အနေနဲ့ တိုင်း နဲ့ပြည် နယ် ၁၄ ခု နဲ့နေပြည်တော်ကောင်စီ အပါအဝင် အားလုံး ၂၀ ခုမှာ ဖွင့်ပြီးဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra