ကိုယ်ပိုင်မြေကွက်တွေမှာ ဆောက်တဲ့ တိုက်ခန်းတွေကို အလုံးလိုက်တွေ၊ အခန်းတွဲလိုက်တွေ ရောင်းချတာ တွေ များပြားလာတယ်လို့ သိရပါတယ်။
“တိုက်ခန်းတွေကို ကန်ထရိုက်တွေပေးပြီး တစ်ဝက်စီခွဲယူတာတွေ ရှိတယ်၊ အိမ်ရှင်နဲ့ ကန်ထရိုက်တာတွေ အ တွက်လေ၊ အခုနောက်ပိုင်း ပိုက်ဆံရှိတဲ့ သူတွေက ဆောက်ဖို့ လူတွေ ငှားတယ်၊ ပြီးရင် ဆောက်ပြီးတော့ အလုံး လိုက်ကြီး ပြန်ရောင်းလိုက်တာ၊ တိုက်ခန်းဆိုရင်လဲ ခြောက်ထပ်၊ ခုနှစ်ထပ်တိုက်တွေကို တိုက်အလုံးလိုက် ပြန် ရောင်းတာတွေ များလာတယ်” လို့ အကျိုးဆောင်တစ်ဦး ဖြစ်သူ ဒေါ်ဝင်းဝင်းမော်က ပြောပါတယ်။
မြေပိုင်ရှင်တွေက တိုက်ခန်းတွေကို အလုံးလိုက် ပြန်ရောင်းတဲ့အခါမှာတော့ ဆောက်ထားတဲ့ တန်ဖိုးတွေ ကျေ သွားတဲ့ အပြင် ဝယ်ယူသူတွေက ပြန်လည် ရောင်းချနိုင်မှာလည်း ဖြစ်ပါတယ်။ အခန်းတွဲတွေကို ဝယ်ယူတာ တွေကြောင့် တစ်ခန်းချင်း ဝယ်ယူတာထက် ဈေးနှုန်း ပိုသက်သာသလို မြေကိုပါ ပိုင်ဆိုင်နိုင်တာကြောင့် ဝယ်ယူ သူတွေရော ရောင်းချသူတွေ အတွက်ပါ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းတွေကို ရောင်းချတဲ့အခါမှာ အကျိုးဆောင်တွေကို အပ်တာတွေ ရှိသလို ဖေ့စ်ဘုတ်သုံးတဲ့ သူတွေ ဆိုရင် ကိုယ့်ဖေ့စ်ဘုတ်မှာပဲ တင်ပြီး ကြော်ငြာကာ တိုက်ခန်းတွေကို ရောင်းထုတ်တာတွေလည်း ရှိပါတယ်။ အကျိုးဆောင်တွေကို အပ်ပြီး အရောင်းအဝယ် လုပ်နေတာထက် အွန်လိုင်းမှာ တင်ပြီး ကြော်ငြာတွေက အခု နောက်ပိုင်းမှာ ပိုပြီး ထိရောက်မှု ရှိနေတယ်လို့ သိရပါတယ်။
Credit: The Modern