ရန်ကုန်တိုင်းအစိုးရက ထုတ်ပေးတဲ့ ကျူးစာရင်းဝင် စလစ်ကတ်တွေ ကို မှောင်ခိုရောင်းချမှုတွေရှိနေတယ်ဆိုတဲ့ သတင်းသဲ့သဲ့ ကြားနေရတာ ကြာပါပြီ ။ အဲသည်ကို ကျူးကတ်ရောင်းဝယ်မှုဈေးကွက်ကတော့ ဒဂုံဆိပ် ကမ်းမြို့နယ် ကျူးရပ်ကွက်မှာ ဖြစ်ပါတယ် ။
‘ဈေးပါပြောခဲ့လေ ၊ ဘယ်လောက်ပေးနိုင်မလဲဆိုတာ ဒီကဝယ်ချင်တဲ့ သူ သာရှိရင် ရောင်းမယ့်သူ ၊ ဝယ်မယ့်သူက အများကြီးရှိတယ် ၊ အကုန်လုံးက အဆင်မပြေကြဘူးလေ’လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျူးကျော်ရပ်ကွက် မှာနေ ထိုင်သူ ဦးအေးမြင့်(အမည်လွဲ) ကပြောပါတယ် ။
ဒဂုံဆိပ်ကမ်းမြို့နယ် သစ်ဆိပ်မှတ်တိုင်က ကယ်ရီသမားတွေကို စလစ်ကတ် နဲ့ အိမ်ဝယ်ချင်တဲ့ အကြောင်းမေးလိုက်မယ်ဆိုရင် သုံးမှတ်တိုင်လောက်ဝေး တဲ့ ၆၀ ကျူးကျော်ရပ်ကွက်ကို ညွန်ပြပါလိမ့်မယ် ။
သစ်မှတ်တိုင်ကနေ ၁၅ မိနစ်လောက်ဆိုင်ကယ်နဲ့သွားတဲ့အခါမှာ လမ်းမကြီး ရဲ့ဘေးမှာ ကျုးအိမ်တန်းတွေကိုတော့ တွေ့ရပါတယ် ။ စရောက်ရောက်ချင်း အိမ်ထဲမှာ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ထိုင်နေပါတယ် ။
စလစ်ကတ်ဝယ်ချင်တဲ့ အကြောင်း ပြောလိုက်တဲ့အခါ အိမ်ထဲက အမျိုးသမီး က ဝယ်ချင်ရင် ဖုန်းနံပါတ်ပေးဖို့အကြောင်း ၊ ဝယ်ယူနိုင်မယ့် ပမာဏ ကိုပြောပြီး ဈေးနှုန်းပြောခဲ့ဖို့ ပြောပါတယ် ။
အိမ်ထဲက အမျိုးသားက ‘ဒီမှာက လယ်ကျူး ၊ ပလပ်ကျူးနဲ့ စည်ပင်ကျုးဆိုပြီး ရှိတယ် ၊ လယ်ကျူးက ပိုပြီးခိုင်မာတယ်လို့ ပြောလို့ရတယ် ၊ ဒါပေမဲ့ ပလပ် ကျူးနဲ့ စည်ပင်ကျူးတွေလဲ ခိုင်မာတာပဲ လယ်ကျုးတွေက သိန်း ၃၀ လောက် အထိ ပေါက်တယ်လို့တော့ ပြောကြတယ်’ လို့ ပြောပါတယ် ။
အစိုးရက ထုတ်ပေးထားတဲ့ စလစ်ကတ်က အဖြူရောင်ရှိပြီး နှစ်လက်မ ၊ သုံးခက်မခန့်ရှိပါတယ် ။ အဲဒီကတ်ပေါ်မှာ အိမ်ထောင်ဦးစီးရဲ့ ဓါတ်ပုံနဲ့ လက်ဗွေကို ဖော်ပြထားပါတယ် ။
အဲသည် ရပ်ကွက် ကနေ သစ်ဆိပ်မှတ်တိုင်ရောက်တော့ ဆိုင်ကယ် ကယ်ရီမောင်းတဲ့ အမျိုးသားက စလစ်နဲ့အိမ်ဝယ်ချင်ရက် ၆၇ ရပ်ကွက်ထဲမှာ အိမ်သုံးလုံးရှိကြောင်း ထပ်မံပြောဆိုပါတယ် ။
သစ်ဆိပ်မှတ်တိုင်ရဲ့အနားက ကွမ်းယာဆိုင်မှာ ဆိုင်ကယ်ကယ်ရီသမားတွေ အများအပြားရှိပါတယ် ။ ဆိုင်ကယ်ကယ်ရီသမားတွေဆီမှာ ကျုးကတ် ဝယ်ချင်တယ်လို့ ပြောလိုက်တာနဲ့ သူတို့မိတ်တွေတစ်ဦးကို ခေါ်ပေးမယ် ၊ ခဏစောင့်ပါလို့ ဆိုပါတယ် ။ သူတို့ခေါ်ပေးတဲ့ အမျိုးသားက အသက် ၃၀ ဝန်းကျင်အသားညိုညို အရပ်ပုပုပါ ။ သူကတော့ တခြားမဟုတ်ပါဘူး ။ ကျူးရပ်ကွက်က ရာအိမ်မှူးပါ ။ သူက ‘အစ်မက ဘယ်လိုမျိုးဝယ်ချင်တာလဲ ၊ ဘယ်လောက်လောက် ပိုက်ဆံတတ်နိုင်လဲ’ဆိုပြီး မေး/ရင်း သစ်ဆိပ် မှတ် တိုင် ရဲ့ မလှမ်းမကမ်းက လမ်းဘေးကျူးတဲလေးတွေဆီကို ခေါ်သွားပါတယ် ။
အဲသည်ရပ်ကွက်တွေမှာ စလစ်နဲ့အိမ်ဈေးက ၁၀ ပေကို ကျပ် ၁၀ သိန်းကျော် ပျမ်းမျှပေါက်ဈေး ရှိတယ်လို့ သိရပါတယ် ။
ဘယ်ဈေးလဲ ဘယ်မှာလဲ မြေနေရာပေါ်မှာဆောက်လုပ် တဲ့ အိမ်ပေါ် မှုတည်ပြီး အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းကွာခြားတယ် ။
သူက ‘ဒါက ကျွန်တော်ဆောက်ထားတာတွေချဉ်းပဲ ၊ ရပ်ကွက်ထဲသွားပြီး အိမ်ဝယ်ချင်တယ်ပြောလဲ ဘာမှထူးမှာမဟုတ်ဘူး ၊ ကတ်ကပိတ်သွားပြီ ၊ လိုချင်ရင် ကတ်ဖိုးတော့ ပေးရမယ် ၊ ကျွန်တော်တို့က လူကြီးတွေနဲ့ ညှိရမှာ ဘယ်သူမှမသိစေနဲ့ ၊ ပြဿနာဖြစ်ရင် တပြုံကြီးရှင်းရမှာ’ လို့ပြောတယ် ။
အိမ်မပါဘဲ မြေနေရာချည်းပဲ ဝယ်မယ်ဆိုရင် ကျပ်သုံးသိန်း ခန့် ပေးရ မှာဖြစ်ပြီး စလစ်ကတ်ကြေးနှစ်သိန်း ပေးဝယ်ရမှာပါ ။
‘ဝယ်မယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ ၊ အမှန်တော့ ကတ်က ပိတ်သွားပြီ ၊ ကျွန်တော်တို့က နောက်တစ်သူတ်ထဲကို ထည့်ပေးရမှာ’ လို့ သူကပြောပါတယ် ။
အဲသည်နေရာတွေမှာ ဝယ်ချင်ရင် အနည်းဆုံး လူနှစ်ယောက် ပါရှိရ မှာ ဖြစ်တယ် ။ သက်သေအဖြစ်နဲ့ ဓါတ်ပုံရိုက်ယူပြီး လက်ဗွေနှိပ်ရမှာပါ ။ အားလုံးပြီးရင်တော့ တရားမဝင်စလစ်ကတ်နဲ့ မြေအပါဝင်ကို တရားဝင် အဖြစ် ပြောင်းလဲဝယ်ယူလို့ရပြီဆိုပါတယ် ။
ဒဂုံဆိပ်ကမ်းဘက်က ကျူးရပ်ကွက်တွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ၁၂ လပိုင်း မှာ မိသားစုအလိုက် ဓါတ်ပုံရိုက် ၊ လက်ဗွေနှိပ်စလစ်ကတ်တွေကို ထုတ်ပေး ခဲ့တယ်လိ့ သိရပါတယ် ။
ကျူးကတ်ကိုင်ဆောင်ထားသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင်ချပေးတဲ့ နေရာမှာ ရေမီးအပြည့်နဲ့ အခမဲ့ နေထိုင်ခွင့်ရမှာဖြစ်တယ် ။ ကျုးကျော်တွေ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်တဲ့အထိ အလုပ်အကိုင်တွေလည်း ရှာဖွေပေးသွာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုထားပါ တယ် ။
ရန်ကုန်တိုင်းမှာ ကျူးကျာ်ဦးရေ ငါးသိန်းကျော်ရှိပါတယ် ။ လှိုင်သာယာ ၊ ဒဂုံဆိပ်ကမ်း ၊ တောင်ဒဂုံမြို့နယ်တွေမှာ အများဆုံးဖြစ်ပါတယ် ။
ရန်ကုန်တိုင်းဒေသကြီးခရိုင်လေးခုအနက် မြောက်ပိုင်းခရိုင်မှာရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ကျူးကျော်အများဆုံးနေထိုင်ပြီး ဒုတိယအများဆုံးက အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ဖြစ်ပါတယ် ။
အစိုးရဘက်ကလည်း ကျူးကျော်ကတ်တွေ အားလုံးထုတ်ပေးပြီးသွားပြီဆိုရင် ကျုးကျော်တဲကို ဖျက်သိမ်းခိုင်းပြီး သတ်မှတ်ထားတဲ့ နေရာကို ပို့ဆောင်တော့ မှာ ဖြစ်ပါတယ် ။မြောက်ဥက္ကလာဘက်မှာလည်း ကျူးကတ်တွေကို ကျပ် သိန်း ၂၀ အထိ ရောင်းချနေတယ် လို့ သိရပါတယ် ။
ဒဂုံဆိပ်ကမ်းမြို့နယ် သစ်ဆိပ်မှတ်တိုင်နားက ကျူးအကွက် က ပြန် လာပြီးနောက် ညနေ ၄:၀၀ နာရီခန့်မှာ ကျူုးကတ်ရောင်းတဲ့သူက ၁၂ သိန်း ရရင် ရောင်းမယ်ဆိုပြီး အခုလို ဈေးညှိပါသေးတယ် ။
‘လိုချင်ရင်တော့ ဈေးညှိလို့ရမယ် ၊ လူကြီးပိုင်းဆိုင်ရာက အရောင်းအ ဝယ်ဖြစ်ပြီးရင် သေသေချာချာပြောရမယ် ၊ ရောင်းမှာက ဦးလေးတို့ အိမ်ဘေးကပဲ ၊ လူပျိုကြီးပါ သန့်တယ် ၊ ဝယ်ပြီးရင် နေချင်လဲရတယ် ၊ မနေချင်လဲရတယ် ၊ မနေချင်လဲ လူငှာတင်ထားလို့ရတယ်’။
Credit: The Modern