၂၀၁၆ ခုနှစ်က တရုတ်အိမ်ခြံမြေဈေးကွက် နာလန်ပြန်ထူခဲ့ပြီးနောက် လူနေမြေဈေးများမြင့်တက်ခဲ့သဖြင့် ၂၀၁၆ ခုနှစ်အတွင်း တရုတ်အဓိကမြို့ကြီးများတွင် မြေဈေးများသည်
အနည်းငယ် မြင့်တက်ခဲ့ကြောင်း တရုတ်မြေယာနှင့်ရင်းမြစ်ဝန်ကြီးဌာနက ပြီးခဲ့သည့်တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၃) တွင် ထုတ်ပြန်ခဲ့သည်။
ထိုဝန်ကြီးဌာနက စောင့်ကြည့်ခဲ့သော မြို့ကြီး ၁၀၅ မြို့တွင် ပျမ်းမျှမြေဈေးသည် ၁စတုရန်းမီတာလျှင် ၃၈၆၂ ယွမ် (အမေရိကန်ဒေါ်လာ ၅၅၇) ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာန၏၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည်။
၎င်းပျမ်းမျှဈေးသည် ၂၀၁၅ ခုနှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လူနေမြေများသည် ၁ စတုရန်းမီတာလျှင် ၅၉၁၈ ယွမ် ပျမ်းမျှဈေးနှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စက်မှုမြေများသည် ၁ စတုရန်းမီတာလျှင် ၇၈၂ ယွမ် ပျမ်းမျှဈေးနှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တရုတ်၌ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုများကို လျှော့ချရန် ဗဟိုအစိုးရက
၂၀၁၆ ခုနှစ်နှောင်းပိုင်းမှစတင်ကာ စီမံချက်များချမှတ်ခဲ့သဖြင့် ယခုအခါ အဓိကမြို့ကြီးများ၌
အိမ်ခြံမြေဈေးကွက်များ တည်ငြိမ်မှုလက္ခဏာများ ပြလာကြပြီး ၂၀၁၇ ခုနှစ်နှစ်လယ်အထိဆက်လက်တည်ငြိမ်မည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com