အစိုးရဘတ်ဂျက် ရေးဆွဲမှုပေါ်မူတည်ပြီး လာမယ့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အစဖြစ်တဲ့ ဧပြီလလောက်မှာ အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့လာနိုင်မယ်လို့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ခန့်မှန်း တွက်ချက်နေကြပါတယ်။
မြန်မာရွှေဥဒေါင်းမင်းနဲ့ မဟာနဝရတ်မြေဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦနိုင်ဝင်းက ဧပြီမှာ ဘတ်ဂျက်ရော စည်းမျဉ်းစည်း ကမ်းတွေရော အကုန်လုံးကြေညာပါလိမ့်မယ်၊ ဘတ်ဂျက်ဘယ်အတွက် ဘယ်လောက် ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ လုပ်ရမှာပဲလေ၊ အဘက်ဘက်က စီးပွားရေး export import စတဲ့မူတွေ အကုန်လုံး ကြေညာပြီး သွားရင် စီးပွားရေးကောင်း မယ်၊ လက်ရှိက မကောင်းတာမဟုတ်ဘူး ခဏနားနေ တာလို့ ပြောပါတယ်။
သည်လာမယ့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်က အစိုးရသစ်ရဲ့ပထမဆုံး ဘတ်ဂျက်ရေးဆွဲရတဲ့နှစ်ဖြစ်တာကြောင့် အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ကိုင်ခွင့်တွေနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်နေကြတာဖြစ်ပါတယ်။
အိမ်ခြံမြေ တိုက်ခန်းဈေးကွက်မှာလည်း တန်ဖိုးကြီးမြေကွက်တွေနဲ့ ကွန်ဒို တိုက်ခန်းတွေ အရောင်းအဝယ်ရပ်နေပြီး တန်ဖိုး နည်းမြေကွက်နဲ့ ကျပ်သိန်း ၂၀ဝ၊ ၃၀ဝ ဝန်းကျင်တိုက်ခန်းတွေသာ အရောင်းအဝယ်ဖြစ်နေပါ တယ်။ တန်ဖိုးကြီး အိမ်ခြံမြေ တိုက်ခန်း ဈေးကွက် အရောင်းအဝယ်အေးနေတာ စီးပွားရေးအခြေအနေ ကျဆင်းနေတာကြောင့်ဖြစ်ပြီး နိုင်ငံစီးပွားရေး ဦးမော့တာနဲ့ တန်ဖိုးကြီး အိမ်ခြံမြေ တိုက်ခန်းတွေ ပြန်လည် အရောင်း သွက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာရွှေဥဒါင်းမင်းနဲ့ မဟာနဝရတ်မြေဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက နိုင်ငံစီးပွားရေးဦးမော့တာနဲ့ ကျွန်တော်တို့ တိုက်ခန်းတွေအကုန် ကုန်သွားပါလိမ့်မယ်၊ လောက်တောင် မလောက်ဘူး၊ အများကြီးပြန်ဆောက် ရမှာ ပါ၊ နိုင်ငံဖွံ့ဖြိုးရင် ကန်ထရိုက်တွေ အများကြီး ပြန်ဆောက်ရမှာ ပါ၊ ဖောက်သည်တွေ အများကြီးရှိတယ်၊ အဓိက စီပွားရေး ကောင်းသွား ရင်လို့ လက်ရှိ ကွန်ဒို တိုက်ခန်းဈေးကွက် အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိအိမ်ခြံမြေတိုက်ခန်း ဈေးကွက်က ကွန်ဒိုတိုက်ခန်းတွေ နဲ့ ဈေးမြင့် အခန်းကျယ်တွေ အရောင်းအဝယ် လုံးဝ ရပ်တန့်နေပြီး တန်ဖိုးနည်း အခန်းတွေသာ အရောင်းအဝယ်ဖြစ်နေတာဖြစ်ပါ တယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန က နှစ်ရှည် အရစ်ကျရောင်းချတဲ့ တန်ဖိုးနည်း၊ တန်းဖိုးမျှ စတဲ့ အိမ်ရာတွေကို ဝယ်ယူသူ များပြားနေပြီး ပုဂ္ဂလိကကနေ ဘဏ်နဲ့ချိတ်ဆက်ပြီးရောင်းချတဲ့ အရစ်ကျ တိုက်ခန်းတွေက လူစိတ်ဝင်စား ဝယ်ယူမှုများပြားနေတာဖြစ်ပါတယ်။
အများဆုံးအရောင်းအဝယ် ဖြစ်နေတာကတော့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် အရစ်ကျ တိုက်ခန်းတွေ ပဲဖြစ်ပါတယ်။ အရင်က ကြို ပွိုင့် တိုက်ခန်းတွေကို အရစ်ကျရောင်းချတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့အသင့်နေထိုင်လို့ရတဲ့ တိုက်ခန်းတွေကိုပါ အရစ်ကျရောင်းချလာကြပါတယ်။
Credit: The Kumudra