အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ပြောကြားပြီးနောက် ကမ္ဘာ့ဒေါ်လာဈေး တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေ

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ပြောကြားပြီးနောက် ကမ္ဘာ့ဒေါ်လာဈေး တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေ - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 10:02 am တွင် တင်ခဲ့သည်
1408 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Yellen က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၂၂၄ ဒေါ်လာဝန်းကျင်တွင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဒေါ်လာဈေးအညွှန်းကိန်း ၁၀၀ ဒသမ ၇၃ ပွိုင့်အထိကျဆင်းခဲ့ရာမှ အမေရိကန် ဗဟိုဘဏ် အစည်းအဝေး ပြီးဆုံးချိန်တွင် သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၀န်းကျင်အထိ ၁၀၁ ဒသမ ၃၄ ပွိုင့်ဝန်းကျင်တွင် ရှိနေသည်။ ဇန်န၀ါရီ ၃ ရက် ညပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေးအညွှန်းကိန်း ၁၄ နှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် ၁၀၃ ဒသမ ၇၈ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် တအိအိပြန်လည်ကျဆင်းခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်၌ ၉၉ ဒသမ ၂၅ ပွိုင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၄ ရက်မှ ၉ ရက်အထိ ပွိုင့် ၁၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ မှ ၁၄ ရက် မွန်းလွဲပိုင်းအထိ ၁၀၀ ဒသမ ၆၀ မှ ၁၀၁ ဒသမ ၀၆ ပွိုင့်ကြားရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ညွှန်းကိန်းမြင့်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး အနည်းငယ် ကျဆင်းခဲ့သည်။ ၁၃၆၈ - ၁၃၇၀ ကျပ်ဝန်းကျင်၌ ခြောက်ရက်ဆက်တိုက် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁၃၆၂ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်း ၁၃၆၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၁၃၆၀ အထိ ကျဆင်းခဲ့ကာ ညနေ ၃ နာရီခန့်တွင် ၁၃၆၁ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ဖေဖော်ဝါရီ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ငွေကြေးဈေးကွက် ၌ ဒေါ်လာဈေး မာနေသော်လည်း ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းနေခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ယင်းနောက် ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်န၀ါရီ ၁၆ ရက်တွင် ၁၃၄၆ ကျပ်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်အထိ ပြန်လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၇ ရက်အထိ တစ်ဒေါ်လာ ၁၃၅၄ မှ ၁၃၆၂ ကျပ်ကြား၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ၁၃၆၈-၁၃၇၀ ကြားတွင် နေ့စဉ် အတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၆၂ ကျပ်အထိ ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် လိုက်ပါမြင့်တက်မှု မရှိခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး ၁၃၆၈ ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျပ် ၁၃၆၀ အဖြစ် ဆက်လက်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျပ် ၁၃၅၀ အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီ ၈ ရက်မှ ၁၅ ရက်အထိ ကျပ် ၁၃၆၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service