မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ရန်စီစဉ်နေ၊ အမြန်လမ်းမကြီးအဆင့်ဆောင်ရွက် သွားမည်ဟုဆို

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ရန်စီစဉ်နေ၊ အမြန်လမ်းမကြီးအဆင့်ဆောင်ရွက် သွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
16 Feb 2017 9:50 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းသစ် ဖောက်လုပ်ရန်စီစဉ် နေပြီး အမြန်လမ်းမကြီးအဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြော သည်။

လတ်တလောတွင် မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးအဆင် ပြေချောမွေ့စေရန် မန္တလေး-မူ ဆယ်လမ်းမကြီးကို လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်း
အဖြစ် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အပြီးဆောင်ရွက် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ အ မျိုးသားလွှတ်တော်အစည်းအဝေး တွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဦးက မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးအဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ်ကားလမ်းမကြီးသည် လမ်း ကြောင်းကျပ်ခြင်း၊ ဆိုးဆိုးရွားရွားလမ်း ပိတ်ဆို့ခြင်းများ မကြာခဏဖြစ်ပွား နေခြင်းကြောင့် ယခုလမ်းထက်ခရီး

မိုင်ပို၍သက်သာတိုတောင်းပြီး စိတ် ချလုံခြုံအန္တရာယ်ကင်းစွာသွားလာ အသုံးပြုနိုင်သော လမ်းကြောင်းသစ် တစ်ခုဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှုအပေါ် ပြည်ထောင် စုဝန်ကြီးက ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

မန္တလေး-လားရှိုး-မူဆယ်လမ်းမ ကြီးသည် စီးပွားရေးစင်္ကြံလမ်းမဖြစ် သဖြင့် ရေရှည်အတွက် လမ်းကြောင်း သစ်တစ်ခုကို ပဏာမရှာဖွေဆောင် ရွက်နေပြီး ဖြစ်နိုင်ခြေရှိသောလမ်း ကြောင်းကို လေးလမ်းသွားအမြန် လမ်းမကြီးအဆင့်အဖြစ် လုပ်ငန်း ရှင်များနှင့် အကျိုးတူပူးပေါင်းပြီး BOT စနစ်ဖြင့် ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိ မန္တလေး-မူဆယ်လမ်း မကြီးအား BOT စနစ်ဖြင့် တာဝန် ယူထားသည့် Oriental Highway Co.,Ltd က ၄၈ပေအကျယ်၊ လေး လမ်းသွားလမ်းချဲ့ခြင်း၊ နိုင်လွန်ကတ္တ ရာခင်းခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်အပြီး စီမံချက်ချဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လားရှိုး-မူဆယ် လမ်းပိုင်းမှ ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ် နေသည့် ကွတ်ခိုင်-နမ့်စမ် ကား လမ်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ သော်လည်း လုံခြုံရေးအခြေအနေ အရ ပထမအဆင့်အနေဖြင့် လမ်း ကျဉ်းသောအတက်အဆင်း၊ အကွေ့ နေရာများကို မြေသားလမ်းချဲ့ခြင်း၊ ပျက်စီးသောလမ်းပိုင်းများအား ၃၆ ပေ အကျယ်ကတ္တရာလမ်းပြန်ခင်း ခြင်းကို ၂၀၁၇ မိုးရာသီမတိုင်မီပြီး စီးအောင်ဆောင်ရွက်နေကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

""၄၈ ပေ အကျယ်လေးလမ်း သွားနိုင်လွန်ကတ္တရာခင်းခြင်းကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်သွား မည်ဖြစ်ရာ လုပ်ငန်းပြီးစီးပါက ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ကုန်တွင် ယာဉ် ကြောပိတ်ဆို့မှုလျော့ပါးပြီး နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်စည်စီး ဆင်းမှုပိုမိုအဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်မှာဖြစ်ပါတယ်""ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ် ရေးအတွက် မန္တလေး-လားရှိုး-မူ ဆယ်လမ်းမကြီးသည် အဓိကလမ်းမ ကြီးဖြစ်သည်။ လမ်းအရှည် ၂၇၆ မိုင် ၃ ဖာလုံရှည်လျားပြီး ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိရာ ကုန်စည်စီးဆင်းမှုနှေးကွေး လျက်ရှိကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service