တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် သီတင်းပတ်တစ်ပတ်ကြာ တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက် ကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်ခြံမြေ developer
(မြေ၀ယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များနှင့် အိမ်ဝယ်လက်များအကြား ရောင်းလိုအား၊ ၀ယ်လိုအားများသည် သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့ပြီ
ဖြစ်သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ဧရိယာ စတုရန်းမီတာ၇၈,၀၀၀ ကို ပြီးခဲ့သည့် တနင်္ဂနွေ (ဖေဖော်ဝါရီ ၁၂) တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်
သီတင်းပတ်အတွင်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ယင်းမတိုင်မီသီတင်းပတ်ထက်
၅၀၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ
Shanghai Centaline Property Consultants Co က
ယခုသီတင်းပတ် တနင်္လာနေ့(ဖေဖော်ဝါရီ ၁၃) တွင် ထုတ်ပြန်ခဲ့သည်။
ရောင်းချခဲ့ရသည့် ပျမ်းမျှအိမ်သစ်ဈေးနှုန်းကမူ ၁ စတုရန်းမီတာလျှင် ၄၈,၃၆၁ ယွမ်(အမေရိကန်ဒေါ်လာ ၇,၀၃၅) ရှိခဲ့ပြီး ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"ရေပန်းအစားခဲ့ဆုံး စီမံကိန်းက အခန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါဟာဈေးကွက် တော်တော်လေးကို မြန်မြန်ဆန်ဆန်နာလန်ပြန်ထူလာတဲ့နှုန်းပါပဲ။ ဒါပေမဲ့အဲ့နာလည်ပြန်ထူလာမှုက တစ်ချိန်ချိန်အထိ ကြန့်ကြာနိုင်မလားဆိုတာကိုတော့ ပြော
လို့မရသေးပါဘူး" ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီကပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရှန်ဟိုင်း၌ အိမ်သစ်ရောင်းလို
အားသည်လည်းစတုရန်းမီတာ ၆၁,၀၀၀ ခန့် ရှိခဲ့သည်။ သို့သော်လည်း ယင်းမတိုင်မီသီတင်းပတ်ထက်
၈၁ စတုရန်းမီတာ ခန့်သာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း Centaline က
ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com