ပရိဘောဂတွေကို အခုနောက်ပိုင်းမှာ ပိုက်လုံးတွေနဲ့ ဒီဇိုင်းတွေထွင်ပြီး အလှ ဆင်ပစ္စည်းတွေအဖြစ် အသုံးပြုလာတာတွေများလာတယ်လို့ သိရပါ တယ် ။ နောက်ပိုင်းမှာတော့ ထွင်တတ်တဲ့သူတွေက ဒီဇိုင်းတွေ ထွင်ပြီးလုပ် လာကြတာ၊ ဉာဏ်ရှိရင်ရှိသလို လုပ်လို့ရတယ်လေ၊ သစ်သားအစားတစ်ခုခု ကို ပြောင်းပြီးလုပ်လာကြတာဆိုတော့ ကောင်းပါတယ်၊ အစစအရာရာ လွယ်လွယ်ကူကူလုပ်လို့ရတယ်ဆိုတော့ လုပ်တဲ့သူတွေလဲ လိုက် လုပ်နိုင်တော့ အဆင်ပြေတာပေါ့လို့ အိမ်တွင်းအလှဆင်လုပ်ငန်းလုပ်ကိုင်သူ ဦးဝေယံက ပြောပါတယ်။
ပရိဘောဂတွေနဲ့ ပိုက်တွေပြုလုပ်တဲ့အခါမှာ သစ်နဲ့ပြုလုပ်တာ ထက် ဈေးနှုန်း ပိုသက်သာတာ၊ ပစ္စည်းတွေကို အလွယ်တကူ ယူပြီး ပြန်လည်ပြုလုပ်နိုင် တာတွေကြောင့် ပြုလုပ်သူတွေ၊ ရောင်းချ သူတွေနဲ့ ဝယ်ယူသူတွေအတွက် ပိုပြီးအဆင်ပြေတယ်လို့ သိရပါတယ်။ ခုတင်တွေ၊ ရေပန်း လိုပုံစံတူ တွေ၊ အမှိုက်ပုံးတွေ၊ ဖိနပ်စင်တွေနဲ့ ထိုင်ခုံတွေကို ပိုက်တွေနဲ့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ ပြု လုပ်တဲ့ပုံစံတွေကိုကြည့်ပြီး ကိုယ်တိုင်လိုက်ပြီး လုပ်ကြတဲ့ သူတွေရှိသလို ပြုလုပ်ပြီးရောင်းချနေတဲ့ သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ သစ်အစားထိုးပြီးပြုလုပ်နိုင်တာကြောင့် အကုန်ကျတွေ သက်သာလာနိုင်သလို အလွယ်တကူသယ်ယူ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
Credit: The Kumudra