ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာတွင် Landmark Development တည်ဆောက်ရေး စီမံကိန်း ပန္နက်တင်
အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
FMI ကုမ္ပဏီကတည်ဆောက်သည့် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့်အဆိုပါစီမံကိန်း၏
ပန္နတင် အခမ်း အနားကို ဖောဖောဝါရီ ၁၆ရက် နံနက် ၉နာရီမှ
နေ့လယ် ၁၂နာရီ အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်း လုပ်ဆောင်ခွင့် ကို မြန်မာနိုင်ငံရင်းနှီး
မြှပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိပြီး ၃လအတွင်း
စတင်အကောင် အထည် ဖော်မည်
Landmark Development တည် ဆောက်ရေးစီမံကိန်း၏ခန့်မှန်းကြမ်းပြင်ဧရိယာမှာ
စုစုပေါင်းစတုရန်းပေ ၂ ဒသမ ၄၄ သန်းခန့်ရှိပြီး
၁၀ ဧကအကျယ်အ၀န်းတွင် စီမံကိန်းကို
အကောင်အထည်ဖော်မည်ဖြစ်သည်။
၉ ဒသမ ၅ ဧက အကျယ်အ၀န်းကို ဟိုတယ်အတွက်နှင့်
ကျန်သည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းများအတွက်ဟူ၍
လျာထားပြီး တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်
တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Landmark Development စီမံကိန်းတွင် FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ ၃၀ ရာခိုင်နှုန်း၊
The International Finance Corporation (IFC) မှ ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI မှ ၆ ရာခိုင်နှုန်း၊ Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limited မှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com