မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် စင်ကာပူနိုင်ငံကအများဆုံး ၀င်ရောက် ရင်းနှီးမြှပ်နှံ နေသည့် နိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနီးမြှပ်နှံမှုကော်မရှင်
မှ သတင်းရရှိသည်။
၂၀၁၆ တွင် အိမ်ခြံမြေ ဈေးကွက် ကျဆင်းနေသော်လည်း လာရောက် ရင်းနှီးမြှပ်နှံသည့် နိုင်ငံများမှာ မလျော့နည်းသွားကြောင်း သိရသည်။ထပ်မံပြီး ၂၀၁၇ တွင် ၀င်ရောက် ရင်းနှီးမြှပ်နှံရန် ပြင်ဆင်နေသည့် နိုင်ငံများလည်းရှိကြောင်းသိရသည်။
အိမ်ခြံမြေ ကဏ္ဍတွင် စင်ကာပူနိုင်ငံက အဆောက်အအုံစီမံကိန်းများတွင် ၀င်ရောက် ဌားရမ်းခြင်း ၀ယ်ယူခြင်းများ ဖြင့် အများးဆုံးပြုလုပ်ပြီး
ဒုတိယ ရင်းနှီးမြှပ်နှံမှူအများဆုံး နိုင်ငံအဖြစ် ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်နဲ့တောင်ကိုရီးယားတို့ကအစဉ်လိုက်ရပ်တည်လျှက်ရှိကြောင်း မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှူကော်မရှင် မှထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၁၇ ခုနှစ်မှာတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ပိုမိုအကောင်အထည်ဖော်လာနိုင်ဖွယ်ရှိနေပြီး အဆင့်မြင့်အိမ်ရာဈေးကွက်၊ ရုံးခန်းနေရာ ရောင်းဝယ်ငှား ဈေးကွက်တွေကတော့
လတ်တလောမှာ ငြိမ်ချက်သားကောင်းနေပေမဲ့များမကြာမီကာလတွေမှာ
တဖြည်း ဖြည်းတိုးတက်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောကြားထားသည်။
၂၀၁၇ တွင် အများစုက အိမ်ခြံမြေကဏ္ဍအပေါ် ပိုမိုပြီး ရင်းနှီးမြှပ်နှံမှုများပြာလာပြီးဈေးကွက် အလားအလာမှာ
ကောင်းမွန်ရန် အခြေအနေများ ရှိကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများကပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com