ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး တရုတ်ကုမ္ပ ဏီနှင့် ပူးပေါင်း အကောင်အထည်ဖော်ရန် လျှောက်ထားသည့် မြန်မာကုမ္ပ ဏီ ၃၀ အနက် ၂၂ ခုကို သတ်မှတ်အရည်အချည်းပြည့်စုံ၍ ရွေးချယ် ထားကြောင်း သတင်းရရှိ သည်။
Consortium (လုပ်ငန်းအစု အဖွဲ့)အတွက် ကုမ္ပဏီတစ်ခုနှင့် အများ ပိုင် ကုမ္ပဏီအဖြစ် ၂၁ ခုကို ရွေးချယ်ခဲ့သည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက် တာ ဦးမောင်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောသည်။
စီမံခန့်ခွဲမှုကော်မတီက ရွေး ချယ်ထားသည့် ကုမ္ပဏီ ၂၂ ခုကို အထူးစီး ပွားရေးဇုန် ဗဟိုလုပ်ငန်း ကော်မတီထံ တင်ပြထားပြီး ပြည် ထောင်စု အစိုးရ၏ သဘောတူညီ မှုကို စောင့်ဆိုင်းနေသည်ဟု ၎င်း က ဆက် လက်ပြောသည်။
‘‘ဓနအင်အားနဲ့ လုပ်ငန်း လုပ်ချင်တဲ့အနေအထားတွေ အ ပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ဘယ်ကုမ္ပဏီတွေက ဘာလုပ် ငန်းတွေ လုပ်ရမလဲဆို တာတော့ ဗဟိုကော်မတီက ဆုံးဖြတ်လိမ့် မယ်’’ဟု ဒေါက်တာဦးမောင် က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ တင်ဒါ အောင်မြင်ထား သည့် တရုတ် CITIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ် ဆောင်လိုသည့် မြန်မာ ကုမ္ပဏီ များကို ၂၀၁၆ ဒီဇင်ဘာအတွင်း ဖိတ်ခေါ်ခဲ့သည်။ ယင်းဖိတ်ခေါ် မှုကို မြန်မာကုမ္ပဏီ ၃၀ က လျှောက်ထားခဲ့သည်။
နိုင်ငံတွင်းရှိ အထူးစီးပွားဇုန် များနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင် သည့် ကော်မတီက ဖေဖော်ဝါရီ ၉ ရက်တွင် အစည်း အဝေးပြုလုပ် ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒုသမ္မတက ကျောက်ဖြူအထူး စီး ပွားရေးဇုန်ကိုလည်း သိမ်မွေ့ညင် သာစွာ အကောင်အ ထည်ဖော် ဆောင်ရွက်ရမည်ဟုဆိုသည်။
အဆိုပါအစည်းအဝေးတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မဖြစ်မနေ အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ချက်ချ ခဲ့ကြောင်း ဒေါက်တာ ဦးမောင်ကပြောသည်။
တင်ဒါအောင်ထားသည့် တရုတ် CITIC Consortium သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံ ကိန်းနှစ် ခုအတွက် အမေ ရိကန်ဒေါ်လာကိုးဘီလီယံ ရင်းနှီး မြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။ စက်မှု ဇုန်အတွက် တင် ဒါခေါ်ယူစဉ်က ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီဘက်ကို ၄၉ ရာခိုင်နှုန်း သတ် မှတ်ထားသော်လည်း ရေနက် ဆိပ်ကမ်းအတွက် သတ်မှတ် ချက် မရှိသေးပေ။
Credit: 7DayDaily