ရန်ကုန်မြို့တော်လျှစ်ဓါတ်အားပေးရေးကော်ပိုးရေးရှင်းကကန်ထရိုက်တိုက်ခန်းတွေကို လျှပ်စစ်မီတာ တပ်ဆင်ခတစ်ခန်းကိုကျပ် ၅၅၀,၀၀၀ ကောက်ခံသွားမယ်ဆိုတဲ့ ကြေညာချက်က တန်ဖိုးနည်း တိုက်ခန်းတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတ်လို့ လိုင်စင်ကန်ထရိုက်တာများအသင်းကသိရပါတယ် ။
လျှပ်စစ်မီတာတပ်ဆင်ခတိုက်ခန်းတစ်ခန်းကိုကျပ် ၅၅၀,၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ် ။ သည်ပေးသွင်း ရမယ့်ငွေကကန်ထရိုက်တိုက်တစ်လုံးဆိုရင် ကျပ်သိန်း ၇၀ ကနေ ၈၀ ကြားကုန်ကျမှာ ဖြစ်ပါတယ် ။ ကန် ထရိုက်တာတွေရဲ့ အခက်ခဲကသည်ကုန်ငွေမပါဘဲအခန်းတန်ဖိုးတွက်ချက်ပြီးရောင်းချထားတာဖြစ်ပါတယ် ။ လျှပ်စစ်မီတာအတွက် ကုန်ကျငွေ ကျပ် ၅၅၀,၀၀၀ ကိုကန်ထရိုက်တာကပေးမလား ၊ မြေရှင်နဲ့ အိမ်ခန်း ဝယ်ထားတဲ့ သူကပေးမလားဆိုတာအငြင်းပွားစရာ ပြဿနာဖြစ်နေပါတယ် ။
တန်ဖိုးကြီးကွန်ဒိုခန်းတွေမှာသည်ငွေကြေးက ပြဿနာမရှိပေမဲ့ တန်ဖိုးနည်း ၊ တန်ဖိုးမျှ အိမ်ခန်းတွေကတော့ မီတာတပ်ဆင်ခကျပ် ၅၅၀,၀၀၀ ကိုဘယ်သူပေးမလဲဆိုတာအငြင်းပွားစရာ ဖြစ်နေပါတယ် ။ တချို့တိုက်ခန်း တွေက ကြိုပွိုင့်နဲ့ ရောင်းချထားပြီးအခန်းဝယ်ထားတဲ့သူတွေကလည်းအခက်အခဲကြောင့် လျှပ်စစ်မီးမရသေးခင် လူနေထိုင်နေတဲ့အခန်းတွေလည်းရှိနေပါတယ် ။
လိုင်စင်ကန်ထရိုက်တာများအသင်းကအတွင်းရေးမှူး ကိုလားဆယ်က ‘ဘာပြောချင်လဲဆိုတော့ YESC ကို ညွန်ကြားချက်တစ်ခုကို ကြိုပြီးတော့ အသိပေးရင် ပိုကောင်းတယ်ဆိုပြီးသတ်မှတ်လိုက်ရင် အားလုံးအတွက် ပိုကောင်းတာပေါ့ ၊ ဒီအခက်အခဲကြီးကနောက်မှ ဝုန်းခနဲဆိုပြီးသိလိုက်ရတဲ့အခါကျတော့ အငြင်းပွားစရာ အခက်အခဲရှိလာနိုင်တယ်’ လို့ ပြောပါတယ် ။
ရန်ကုန်မြို့မှာတည်ဆောက်ပြီးနဲ့ တည်ဆောက်နေပြီးလုနီးပါးကန်ထရိုက်တိုက်ခန်းပေါင်း ၇၀၀ ကျော်ရှိပါတယ် ။ သည်တိုက်ခန်းတွေမှာအိပ်ခန်းတစ်သောင်းကျော် လျှပ်စစ်မီတာမရှိသေးဘူးလို့ သိရပါတယ် ။
ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းကရန်ကုန်မြို့တော် စည်ပင်သာယာရေး က်ေမတီ လိုင်စင်ရအဆောက်အအုံကန်ထရိုက်တာများအသင်းကိုဇန်နဝါရီလ ၃၀ ရက်နေ့က လျှပ်စစ်မီတာ တပ်ဆင်ခ ကောက်ခံဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ် ။
‘ထရန်စဖော်မာထိုင်ရင် ဒီထက်အများကြီး ကုန်ကျစရိတ်ဖြစ်မှာကို လမ်းထိပ်တိုင်း လမ်းတိုင်းမှာ ထရန်စဖော်မာ တွေ ဖြစ်ကုန်မယ် ၊ ဒီပိုက်ဆံကိုယူပြီးတော့ အီးပီစီကသူ့ဘာသာသူမာစတာပလန်ဆွဲပြီးတော့ လိုအပ်တဲ့ နေရာ မှာ ထရန်စဖော်မာထိုင်သွားမှာ ၊ အဲဒီလိုမလုပ်ရင် ဒီတိုင်းမီးပေးလိုက်ရင် လက်ရှိ လျှပ်စစ်မီးသုံးနေတဲ့ သူတွေ အခက်အခဲတွေ ရှိနိုင်တယ် ၊ ထွက်ပေါက်ကဒီနည်းပဲရှိတယ်’ လို့ လိုင်စင်ကန်ထရိုက်တာများ အသင်းက အ တွင်းရေးမှူး ကိုလားဆယ်ကသုံးသပ်ပြောကြားပါတယ် ။
၃၀ ကီလိုဝပ်(KW) ထက်ကျော်တု့ အသစ်ဆောက်လုပ်တဲ့ လေးခန်းကနေ ၁၇ ခန်းအထိ ကန်ထရိုက် တိုက်ခန်း များကို ထရန်စဖော်မာတပ်ဆင်ရေးမူအသစ်နဲ့ တစ်ခန်းကိုကျပ် ၅၅၀,၀၀၀ ပေးသွင်းရမှ ဖြစ်ပါတယ် ။
ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက ၃၀ ကီလိုဝပ်ထက်ကျော်တဲ့ အသစ်ဆောက် လုပ်တဲ့ လေးခန်းကနေ ၁၇ ခန်းအထိကန်ထရိုက်တိုက်ခန်းတွေကိုကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ဖို့ ကနဦး ကြေညာခဲ့တာဖြစ်ပါတယ် ။ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်တာကကုန်ကျစရိတ်များတာ ၊ ထရန်စဖော်မာ ထိုင်ဖို့ နေရာအခက်အခဲရှိတာကြောင့် လက်ရှိကျပ် ၅၅၀,၀၀၀ ပေးသွင်းပြီးရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အား ပေးရေးကော်ပိုရေးရှင်းအစီစဉ်နဲ့ ထရန်စဖော်စီစဉ်နေတာ ဖြစ်ပါတယ် ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကဆောက်လုပ်ပြီးတဲ့ လူနေထိုင်ခွင့်ပြုမိန့် (BCC)ကျပြီး ကန် ထရိုက် တိုက်တွေကိုတစ်ခန်းကိုမီတာတပ်ဆင်ခကျပ် ၅၅၀,၀၀၀ ကို အခန်းအရေအတွက် အတိုင်းပေးသွင်းပြီး အိမ်သုံးမီတာလျှောက်ရမှာ ဖြစ်ပါတယ် ။ မီတာလျှောက်တဲ့နေရာမှာယခင်မီတာတပ်ဆင်ရင် ပေးသွင်းရတဲ့ ကုန် ကျစရိတ်တွေ ထပ်မံပေးသွင်းရမှာ ဖြစ်ပြီးမီတာတပ်ဆင်ခစုစုပေါင်းကျပ် ၆၀၀,၀၀၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါ တယ် ။
Credit: The Kumudra