လယ်ယာမြေ ပြဿနာ အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဝန်ကြီးဌာန ကတိပေး

လယ်ယာမြေ ပြဿနာ အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဝန်ကြီးဌာန ကတိပေး - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 10:01 am တွင် တင်ခဲ့သည်
1048 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာကဏ္ဍ မူဝါဒရဲ့ ငါးနှစ်စီမံကိန်းမှာ တောင်သူတွေ ကြုံတွေ့နေရတဲ့ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာ တွေကို အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ဝန်ကြီးဌာနအနေနဲ့ ကတိကဝတ်တွေ ပေးခဲ့တယ်လို့ သိရပါတယ်။

“လယ်ယာကဏ္ဍမှာ ရှိတဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအသီးသီးက လယ်ယာကဏ္ဍမှာ သူတို့ကြုံတွေ့နေရ တဲ့ အခက်အခဲတွေကို မူဝါဒချပြတဲ့ပွဲမှာ ပြောကြတယ်၊ ဒီအခက်အခဲတွေဟာ ဦးတို့ ရေးဆွဲထားတဲ့ လယ်ယာ ကဏ္ဍ မူဝါဒထဲမှာ ပါဝင်ပါတယ်၊ ဒါပေမဲ့ နှစ်စဉ်စီမံကိန်းအနေနဲ့ ထည့်လုပ်သွားမှာပေါ့၊ သူတို့ အဓိကပြောတဲ့ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ဆောင်ရွက်မယ်လို့လဲ ဦးတို့ဌာနအနေနဲ့ ကတိပေးလိုက်ပါတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတယအမြဲတမ်း အတွင်း ဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဒုတိယကာလတို ငါးနှစ် လယ်ယာကဏ္ဍ မူဝါဒမှာ ဆိုရင် သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ဖြေရှင်းနိုင်အောင် ဆောင်ရွက်ရေး၊ လယ်ရှိ လယ် ယာမြေ ဥပဒေနဲ့ မြေလွတ်မြေလပ် ဥပဒေကို ပြန်လည် အသက်ဝင်အောင် ဆောင်ရွက်ရေးနဲ့ တခြားလယ်ယာ ကဏ္ဍမှာ လိုအပ်လျက်ရှိတဲ့ ကဏ္ဍတွေကိုပါ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အ စည်းတွေက ဆောင်ရွက်လျက်ရှိပြီး မြေလွတ်မြေလပ် ဥပဒေပိုင်းမှာလည်း လက်ရှိမှာ လိုအပ်တဲ့ အချက်အ လက်တွေကို ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။

“မြေလွတ်မြေလပ်မှာဆိုရင် အခုကြုံနေရတဲ့ လေးနှစ်အတွင်း အကောင်အထည် မဖော်ရင် ဥပဒေအရ ပြန်လည် သိမ်းဆည်းခွင့်ရှိတယ်၊ ဒါပေမဲ့ ဥပဒေက အသက်မဝင်သလို ဖြစ်နေတယ်၊ ဒါလေးတွေလဲ ထပ်ပြီး ပြင်ဆင်နေရ တာပေါ့”လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

သူကဆက်ပြီး “လယ်ယာမြေ ဥပဒေရဲ့ ပြင်ဆင်ချက်ထဲမှာဆိုရင်လဲ တောင်သူတွေ လက်ရှိ ကြုံတွေ့နေရတဲ့ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ရောင်းချခွင့်၊ ပေါင်နှံခွင့် ဥပဒေအရ ခွင့်ပြုထားပေမဲ့ လက်တွေ့လုပ်ကြတဲ့အခါမှာ လုပ်ထုံးလုပ်နည်းတွေအရ ခက်ခဲမှုတွေ ရှိနေတယ်၊ ဒါတွေလဲ ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ လယ်ယာမြေ ဥပဒေ ပြင်ဆင်ချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တင်ထားပြီး ဖြစ်ပြီးမြေလွတ်မြေလပ် ဥပဒေကိုတော့ ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service