ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပစိဖိတ်ကျွန်းနိုင်ငံလေးဖြစ်သောကီရီ ဘာတီမှ လူသူကင်းမဲ့သည့် ကျွန်းသုံး ကျွန်းကို ပြန်လည်ဝယ်ယူကာ ပျက်သုဉ်း သွားသည့် အင်ပါယာကြီးကို ပြန်လည်ထူထောင်ပြီး ရုရှားနိုင်ငံသစ်
တစ်ခု ဖန်တီးရန်လုပ်ဆောင်လျက်ရှိသည် ဟု သိရသည်။
ရုရှားလွှတ်တော်အမတ်ဟောင်းတစ် ဦးဖြစ်သည့် အန်တွန်ဘာကိုက ယခုရက် သတ္တပတ်အတွင်းကျွန်းနိုင်ငံလေးသို့ ရောက်ရှိလာကာ တောင်ပိုင်းကျွန်းသုံးခုကို ဝယ်ယူရန် လာရောက်ဆွေးနွေးခဲ့သည်။သန္တာကျောက်တန်း
တစ်ခုဖြစ်သော Malden ကျွန်းပေါ်တွင် ရုရှားနိုင်ငံသစ်၏မြို့ တော်ထားရှိကာ အပန်းဖြေစခန်းများကို ဒေါ်လာ ၅၃၁ သန်းအကုန်အကျခံတည် ဆောက်သွားမည်ဖြစ်သည်။
၁၉ ရာစုရုရှား ဧကရာဇ် Alexander II ၏မြေးမြစ်ဖြစ် သော အသက် ၆၄ နှစ်အရွယ်မင်းသား Karl Emich of Leiningen ကို နန်း တင်ပြီး အင်ပါယာထူထောင်လိုခြင်းဖြစ် သည်။ ၎င်းရုရှားအင်ပါယာထူထောင်မည့် အစီအစဉ်ကို ရုရှားသမ္မတပူတင်၏အ အတိုက်အခံများက ထောက်ခံခဲ့ကြပြီး အန်တွန်ဘာကိုက ''အင်ပါယာသစ်က ပူတင်ရဲ့အုပ်ချုပ်မှုအာက်မှာမပျော်မွေ့ တဲ့ ထောင်နဲ့ချီတဲ့ ရုရှားပြည်သူတွေရဲ့ဆန္ဒ လည်းဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။
အန် တွန်ဘာကိုသည် ယခင်ကလည်းCook ပစိဖိတ်ကျွန်းငယ်လေးတွင် အင်ပါယာထူ ထောင်ရန်စီစဉ်ခဲ့ဖူးသည်။ ကီရီဘာတီနိုင်ငံငယ်လေးသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ ပြီး ငွေအရင်းအမြစ်အသစ်များကို ရှာဖွေ နေရသည့် အနေအထားဖြစ်သောကြောင့် အစိုးရက အန်တွန်ဘာကို၏အစီအစဉ်ကို လက်ခံရန် စဉ်းစားနေကြခြင်းဖြစ်သည်။
လူသူကင်းမဲ့သည့် ကျွန်းများပေါ်တွင် အန်တွန်ဘာကိုက အပန်းဖြေစခန်းများ ဆောက်လုပ်ခဲ့မည်ဆိုပါက မော်လ်ဒိုက် အပန်းဖြေစခန်းများကဲ့သို့ ဖြစ်လာနိုင်ကာ ကမ္ဘာလှည့်ခရီးသွားများအား ကီရီဘာတီ နိုင်ငံကို လူသိများလာအောင်လုပ်ဆောင် နိုင်ရန် မျှော်လင့်နေကြခြင်းဖြစ်သည်ဟု သိရသည်။
Credit: PYI Myanmar