စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဗိသုကာ ကျောင်းတစ်ကျောင်းက သုံးဖက်မြင်(3D) ပုံထုတ်စက်ဖြင့် ကမ္ဘာ့ပထမဦးဆုံးလူသွား တံတားကို ထုတ်လုပ်တပ်ဆင်လိုက် ပြီဖြစ်သည်။ သုံးဖက်မြင်ပုံထုတ်စက်ဖြင့် အပိုင်းရှစ်ပိုင်းခွဲ ထုတ်လုပ်ထားပြီး ယင်း အပိုင်းများကို
ဆက်ထားသည်မှာ အရှည် ပေ ၄၀ ရှိပြီး အကျယ် ၅ ဒသမ ၇ ပေ ရှိ သည်။ ယင်းတံတားကို မြို့တွင်းရှိ ဥယျာဉ်တွင် တပ်ဆင်လိုက်ခြင်းဖြစ်သည်။
၎င်းတို့သည် အင်ဂျင်နီယာများနှင့် လက် တွဲကာထိုတံတားကိုလက်တွေ့ အကောင် အထည် ဖော်နိုင်သွားခြင်း ဖြစ်သည်။ အပူ ပေးခံရစဉ်တွင်ပျော့ပြီး အေးလျှင်မာကျော သွားသည့် ပလတ်စတစ်ပေါ်လီပရိုပလင်း ဖြင့် ကွန်ကရစ်မှုန့်ကို အားဖြည့်ထားပြီး တံတားကို ယင်းဖြင့်တည်ဆောက်ထား ခြင်းဖြစ်သည်။
သုံးဖက်မြင်ထုတ်စက်ဖြင့် အခြေခံအဆောက်အအုံများ၊ အိမ်များ ထုတ်လုပ်လာမှုကို ယခုနှစ်ပိုင်းအတွင်း တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြသည်။ ယင်းစက်မျိုးဖြင့် ထုတ်လုပ်ထားသည့် ရုံးခန်းကို ဒူဘိုင်းတွင် ၂၀၁၆ ခုနှစ်က တည် ဆောက်ခဲ့သည်။
Credit: PYI Myanmar