အမေရိကန်နိုင်ငံတွင် နျူကလီးယား ဘေးအန္တရာယ် သို့မဟုတ် သဘာဝဘေး အန္တရာယ်ဆိုးတစ်ခုခုနှင့် ကြုံတွေ့ရပါက ဝင်ရောက်ပုန်းခိုတိမ်းရှောင်နိုင်မည့် လျှို့ ဝှက်မြေအောက်ကတုတ်ကျင်း ကွန်ဒိုများ ကို ရောင်းချသွားမည်ဖြစ်သည်ဟု သိရ သည်။
အထူးလုံခြုံရေး မြှင့်တင်ထားသော Survival Condo များကို နျူကလီးယား ဗုံးဒဏ် သို့မဟုတ် သဘာဝဘေးအန္တရာယ် ဆိုးများ၏ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားခြင်းဖြစ်သည်။မြေအောက်ကတုတ်ကျင်း ကွန်ဒိုတစ်ခု ဖြစ်သော်လည်း ရုပ်ရှင်ရုံ၊ ရေကူးကန်၊ ရေလွှာလျှော၊ Spa ၊ အားကစားခန်းမနှင့် သေနတ်ပစ်ကွင်းတို့ ထည့်သွင်းတည် ဆောက်ထားသည့် မြေအောက်ကတုတ် ကျင်းကွန်ဒို၏ စတုရန်းပေ ၃၆၀၀ အ ကျယ်အဝန်းရှိသော penthouse များကို ဒေါ်လာ ၄ ဒသမ ၅ သန်း၊ စတုရန်းပေ ၉၀၀ အကျယ်ရှိသော အခန်းများကို ဒေါ်လာ ၁ ဒသမ ၅ သန်း၊ စတုရန်းပေ ၁၈၂၀ အကျယ်ရှိသော အခန်းများကို ဒေါ်လာသုံးသန်းဖြင့် ရောင်းချနေခြင်းဖြစ် သည်။
အင်ဂျင်နီယာနှင့် ဆော့ဖ်ဝဲဒီဇိုင်နာ တစ်ဦးဖြစ်သော လယ်ရီဟောလ်က ကန်း ဆတ်ပြည်နယ်မှ Atlas Missile Silo မြေအောက်ကျီကို
ဇိမ်ခံကွန်ဒိုကတုတ် ကျင်းအပန်းဖြေစခန်းအဖြစ် ပြောင်းလဲပစ် ခဲ့ခြင်းဖြစ်သည်။ ကတုတ်ကျင်းတွင် ဆေးရုံ၊ စာသင်ကျောင်း၊ တောင်တက်နံရံ၊ ကစားကွင်းများနှင့် ဥယျာဉ်များလည်းထားရှိ ပေးထားသည်။
လယ်ရီဟောလ်က မြေ အောက်ကတုတ်ကျင်းကွန်ဒိုတွင် မည် သည့်ရန်စွယ်ကိုမဆို ကာကွယ်ပေးနိုင် သည့် စစ်ရေးအဆင့်ရှိ လုံခြုံရေးကို အ ပြည့်အဝထားရှိပေးသွားမည်ဟု ဆိုခဲ့ သည်။ မြေအောက်ကျင်ကြီး၏ နံရံများမှာ ၁၀ ပေအထူရှိပြီး အလွန်မာကျောသည့် ကွန်ကရစ်များဖြင့် ဆောက်လုပ်ထားကာ ၁၉၆၀ ပြည့်နှစ်ကAtlas နျူကလီးယား ဒုံးကျည်များကို သိုလှောင်သိမ်းဆည်းထားရာနေရာဖြစ်သည်ဟု သိရသည်။
Credit: PYI Myanmar