နေပြည်တော်တွင် နာမည်ကြီး ဟိုတယ်များမှ လွဲ၍ ကျန်ဟိုတယ်များ လုပ်ငန်း အခက်ကြုံနေ

နေပြည်တော်တွင် နာမည်ကြီး ဟိုတယ်များမှ လွဲ၍ ကျန်ဟိုတယ်များ လုပ်ငန်း အခက်ကြုံနေ - Property News in Myanmar from iMyanmarHouse.com
13 Feb 2017 10:31 am တွင် တင်ခဲ့သည်
2609 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားခရီးသွား ဝင်ရောက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက နေပြည်တော်ရှိ ဟို တယ်အခန်း အရေအတွက်မှာ ပိုနေသောကြောင့် လာရောက် တည်းခိုသူ နည်းပါးပြီး ဟိုတယ်ကြီးများမှလွဲ၍ ကျန်ဟိုတယ်လုပ်ငန်းများ အခက်အ ခဲဖြစ်ပေါ်နေသည်ဟု ဒေသခံဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ နြေ ပည်တော် ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသန်းထွဋ်က ''ဝင်လာတဲ့ဧည့်သည်ထက် ဟိုတယ်အခန်းအရေ အတွက်ကများနေတော့ ဟိုတယ်လုပ်ငန်းတွေ အခက် အခဲအနည်းနဲ့အများ ရှိလာတာပေါ့။ အချို့ဟိုတယ် တွေဆို ပိတ်သိမ်း တာတွေတောင်ရှိတယ်။ တချို့ကျ တော့ အရှုံးခံပြီး လည်ပတ်နေကြ တယ်''ဟုပြောသည်။

နေပြည်တော်တွင် ဟိုတယ် ၆၃ လုံး ခန့်ရှိရာမှ လက်ရှိတွင် လုပ်ငန်း လည်ပတ်သည့် ဟိုတယ် ၄၈ လုံးခန့်သာရှိတော့သဖြင့် ဟိုတယ်အလုံးရေ ၁၅လုံး ခန့် ပိတ်သိမ်းခဲ့ရသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရ သည်။ အဆိုပါ လုပ်ငန်းလည်ပတ်နေသည့် ဟိုတယ်များမှ အများစုသည် လည်း အရင်းကျေပြီး ဆက်လက် လည်ပတ်နေသည်မဟုတ်ဘဲ တစ်ခြား စီးပွားရေး လုပ်ငန်းများ ရှိနေခြင်းကြောင့် လည်ပတ်နေနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် တည်းခိုခနှုန်းထားများအား ပုံမှန်နှုန်းထက် လျှော့ချပေးထား သော်လည်း တစ်ဖက်တွင် အစိုးရ ကို ပေးဆောင်ရသည့် အခွန်နှုန်းထားများ၊ အခြားဝန်ဆောင်မှု စရိတ် များကြောင့် အဆင်မပြေမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

''ဝန်ကြီးဌာနအနေနဲ့ ဟိုတယ်လိုင်စင်တွေ မြန် မြန်ရရှိဖို့ ဝက်ဘ်ဆိုက်တွေ ကနေ တိုက်ရိုက်လျှောက်ထားလို့ရအောင် စီစဉ်ပေးတာရှိတယ်။ မူဝါဒ ပိုင်းဆိုင်ရာ ဖြေလျှော့ပေးတာတွေလဲရှိတယ်။ လိုင်စင်နှုန်းထားတွေကိုလဲ တစ်ဝက်လျှော့ပေးထားတာရှိတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည် တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာန ခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

လက်ရှိ နေပြည်တော်ကောင်စီနယ်မြေအခြေစိုက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဟိုတယ်များအကျိုးတူလုပ်ငန်းများနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံထားသည့်ဟိုတယ် စသည်ဖြင့် အသီးသီးရှိသည်။

Credit: The Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service