၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၀ လအတွင်း စုစုပေါင်းဝင်ရောက်မှု ၅ ဒသမ ၈၁ ဘီလျံကျော်ရှိလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၀ လအတွင်း စုစုပေါင်းဝင်ရောက်မှု ၅ ဒသမ ၈၁ ဘီလျံကျော်ရှိလာ - Property News in Myanmar from iMyanmarHouse.com
13 Feb 2017 10:25 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၂၉၆ ဘီလျံ ၀င်ရောက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၀ လအတွင်း စုစုပေါင်း ၀င်ရောက်မှု ၅ ဒသမ ၈၁ ဘီလျံကျော် ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာရင်းအရ သိရသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလကုန်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာ ဏ ဒေါ်လာ ၆၉၅၃၆ ဒသမ ၃၇၀ သန်း (၆၉ ဒသမ ၅၃ ဘီလျံ) ရှိလာ သည်။ လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု ကို ဒေါ်လာ ခြောက်ဘီလျံ ရရှိမည်ဟု မျှော်မှန်းခဲ့ပြီး ဘဏ္ဍာနှစ်မပြည့် မီ နှစ်လအလိုတွင် ၅ ဒသမ ၈၁ ဘီလျံအထိ ၀င်ရောက်ခဲ့ခြင်းကြောင့် ရည်မှန်းပမာဏကို ကျော်လွန်နိုင်မည် ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၃၀၃၁ ဒသမ ၂၉၂ သန်း (လုပ်ငန်း ၁၁ ခု)၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁၀၁၁ ဒသမ ၃၇၄ သန်း (လုပ်ငန်း ၇၆ ခု)၊ အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကဏ္ဍ တွင် ဒေါ်လာ ၇၄၇ ဒသမ ၆၂၀ သန်း (လုပ်ငန်း ၃ ခု)၊ စွမ်းအင်ကဏ္ဍ တွင် ဒေါ်လာ ၆၁၂ ဒသမ ၈၈၃ သန်း (လုပ်ငန်း ၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၂၄၁ ဒသမ ၂၂၆ သန်း (လုပ်ငန်း ၄ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၆ ဒသမ ၆၇၈ သန်း (လုပ်ငန်း ၄ ခု)၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၇၆ ဒသမ ၇၂၃ သန်း (လုပ်ငန်း ၈ ခု) တို့ဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည်။

နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုစာရင်းတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ လက်ရှိဘဏ္ဍာနှစ်အထိ စင်ကာပူနိုင်ငံက ဦးဆောင်နေ ဆဲ ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၀ လအတွင်း နိုင်ငံပေါင်း ၂၂ နိုင် ငံမှ လုပ်ငန်းပေါင်း ၁၀၈ ခုက ဒေါ်လာ ၅ ဒသမ ၈၁ ဘီလျံ ၀င်ရောက် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံ မှုအများဆုံး ထိပ်ဆုံးငါးနိုင်ငံမှာ စင်ကာပူက ဒေါ်လာ ၃၃၈၈ ဒသမ ၉၉၀ (လုပ်ငန်း ၂၀ ခု)၊ ဗီယက်နမ်က ဒေါ်လာ ၁၃၈၆ ဒသမ ၂၀ သန်း (လုပ်ငန်း ၃ ခု)၊ တရုတ်က ဒေါ်လာ ၄၆၂ ဒသမ ၁၀၁ သန်း (လုပ်ငန်း ၃၁ ခု)၊ ဟောင်ကောင်က ၁၈၅ ဒသမ ၇၄၃ သန်း (လုပ်ငန်း ၁၆ ခု)၊ ထိုင်းက ၁၀၆ ဒသမ ၂၇၈ သန်း (လုပ်ငန်း ၄ ခု) တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးနိုင်ငံများစာရင်း၌ တရုတ်နိုင်ငံက ဒေါ်လာ ၁၈ ဒသမ ၅၃ ဘီလျံ (လုပ်ငန်း ၁၆၃ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆၅ ရာခိုင်နှုန်း) ဖြင့် ဦးဆောင်နေဆဲဖြစ်ပြီး ၎င်းနောက်တွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၁၆ ဒသမ ၄၅ ဘီလျံ (လုပ်ငန်း ၂၂၉ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ဒသမ ၆၆ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ က ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံ (လုပ်ငန်း ၁၀၀ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၁၅ ဒသမ ၂၅ ရာခိုင်နှုန်း) မြှုပ်နှံထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၂၁၆ ခု ရင်းနှီးမြှု ပ်နှံထားပြီး ခြောက်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အခြေ အနေမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၄၆၄၄ ဒသမ ၄၆ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၄၁၀၇ ဒသမ ၀၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၈၀၁၀ ဒသမ ၅၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်းတို့ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service