အီတလီနိုင်ငံ မီလန်တွင် ခေတ် စားနေသည့် သစ်တောတာဝါဒီဇိုင်းကို စတီဖနိုဘိုရီ ဗိသုကာအဖွဲ့က တရုတ်နိုင်ငံ နန်ကျင်းတာဝါသို့ ယူဆောင်လာပြီ ဖြစ် သည်။ အဆိုပါသစ်တောတာဝါကြီးနှစ်ခု သည် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ် ယူကာ အောက်ဆီဂျင် ၁၃၂ ပေါင်ကို
နေ့ စဉ်ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် တာဝါ တွင် နေသူများနှင့် အနီးဝန်းကျင်ရှိလူများ လေကောင်းလေသန့်ရကြတော့မည်ဖြစ်သည်။
အပင်ပေါင်း ၁၁၀၀၊ နွယ်ပင်နှင့် ချုံပင်ပေါင်း ၂၅၀၀ တို့က လေကောင်း လေသန့်ကို ထုတ်ပေးမည်ဖြစ်သည်။ တာဝါနှစ်ခုတွင် တစ်ခုမှာ အမြင့် ၆၅၆ ပေ ရှိမည်ဖြစ်ပြီး ကျန်တစ်ခုမှာ ၃၅၄ ပေရှိ မည်ဖြစ်သည်။
အစိုးရပိုင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ နန်ကျင်းယန်ဇီက
တာဝါအဆင့်မြှင့်ရေး ကို လုပ်ဆောင်နေသည်။ နှစ်ခုအနက် ပိုမို မြင့်မားသည့် တာဝါတွင် ရုံးခန်းများဖွင့် လှစ်သွားမည်ဖြစ်ပြီး ခေါင်မိုးတွင် ကလပ် ဖွင့်သွားမည်ဖြစ်သည်။ နိမ့်သည့်တာဝါကို အခန်းပေါင်း ၂၄၇ ခန်းပါသည့် ဟိုတယ်အဖြစ် ဖွင့်လှစ်ကာ ခေါင်မိုးတွင် ရေကူးကန် ထားရှိသွားမည်ဖြစ်သည်။
ယင်းအဆောက်အအုံများတွင် ထားရှိ သွားမည့် လသာဆောင်များကြောင့် နေ ထိုင်သူများသည် အဆောက်အအုံမျက် နှာစာရှိ စိမ်းစိုနေသည့်အပင်များနှင့် အနီး ဆုံးနေရာအထိ သွားနိုင်ပေလိမ့်မည်။
ထို သစ်တောတာဝါများသည် တရုတ်တွင် သာမက အာရှတစ်ခုလုံးတွင်ပါ ပထမဦး ဆုံး သစ်တောတာဝါဖြစ်လာပေလိမ့်မည်။ ယင်းနန်ကျင်းတာဝါကို၂၀၁၈ ခုနှစ်တွင် အပြီးသတ်နိုင်ရန် စီစဉ်ထားသည်။
Credit: PYI Myanmar