ကျပ် ကိုးသိန်း နီးပါး မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၈၈ဝဝဝဝ ခန့်သို့ ပြန်လည်ရောက်ရှိ

ကျပ် ကိုးသိန်း နီးပါး မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၈၈ဝဝဝဝ ခန့်သို့ ပြန်လည်ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Feb 2017 10:08 am တွင် တင်ခဲ့သည်
3242 ကြိမ် ကြည့်ရှု့ပြီး
ယခုရက်ပိုင်းအတွင်း ကျပ်ကိုးသိန်းနီးပါးမြင့်တက်သည့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၈ဝဝဝဝ နီးပါးသို့ ပြန်လည် ရောက်ရှိနေကြောင်း ပြည်တွင်းရွှေ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။ ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ဖေဖော်ဝါရီ ၁ ရက်က ကျပ် ၈၇၄ဝဝဝ မှဆက် တိုက်မြင့်တက်ခဲ့ရာ ဖေဖော် ဝါရီ ၉ ရက်တွင် ကျပ် ၈၉၉ဝဝဝ ဝန်းကျင်အထိရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကျပ် ၈၈၈ဝဝဝ ဝန်းကျင်သို့ပြန်လည်ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းအတွင်းရေးမှူး ဦးကျော်ဝင်းက ''ကမ္ဘာ့ရွှေဈေးရော ဒေါ်လာဈေးပါ တက်သွားတဲ့အတွက် ပြည်တွင်းရွှေ ဈေးက ကျပ်ကိုးသိန်းဝန်းကျင်လောက် အထိရောက်သွားတယ်။ မနေ့က တော့ ကမ္ဘာ့ရွှေဈေးပြန်ကျတဲ့အတွက် ပြည်တွင်းရွှေဈေးက ကျပ်ရှစ်သိန်း ရှစ်သောင်းလောက် ကိုပြန်ကျသွားတယ်'' ဟု ဖေဖော်ဝါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ပြည်တွင်းအကယ်ဒမီရွှေဈေး နှုန်းသည်ကျပ်ကိုးသိန်းဝန်းကျင်သို့ ရောက်ရှိစဉ်ကကမ္ဘာ့ရွှေဈေးနှုန်း သည်တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၂၄၅ ဝန်းကျင်မှ လက်ရှိ အ မေရိကန်ဒေါ်လာ ၁၂၃၃ ဝန်းကျင် သို့ကျဆင်းခဲ့ သဖြင့် ပြည်တွင်းရွှေ ဈေးနှုန်းမှာပြန်လည်ကျဆင်းလာ ခြင်းဖြစ်ကြောင်း သိရသည်။ တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က ''ဒေါ်လာဈေးကတော့ အရင်အပတ်က တစ်ဒေါ်လာကျပ် ၁၃၆ဝ လောက်ကနေ အခုကျပ် ၁၃၇ဝ လောက်တက်ခဲ့တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းတော့ အပြောင်းအလဲမရှိဘူး။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးက တစ် အောင်စကို ၁၂ ဒေါ်လာလောက်ကျ သွားလို့ရွှေဈေးပြန်ကျသွားတာပါ''ဟု ဆိုသည်။

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အခွန်ဥပဒေအရ ရွှေဝယ်ယူသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်သုံးရာခိုင်နှုန်း ကောက်ခံရန် စီစဉ်နေသည့် သတင်းများထွက်ပေါ်နေကြောင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းများပြန်လည် ကျဆင်းသွားခဲ့သလို အရောင်းအဝယ်များပါ ပြန်လည်ကျဆင်း သွားကြောင်း ရွှေဈေးကွက် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service