၁၃၅၄-၁၃၆၂ ကျပ် ၀န်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင် ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ၁၃၆၉ ကျပ်အထိ ခုန်တက် လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်သူများ ထံမှ သိရ သည်။
ပြီးခဲ့သော ဇန်န၀ါရီ ၃ ရက် ညပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက် ၌ ဒေါ် လာဈေး အညွှန်းကိန်း ၁၄ နှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် ၁၀၃ ဒသမ ၇၈ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် တအိအိ ပြန်လည် ကျဆင်းခဲ့ ရာ ဖေဖော်ဝါရီ ၃ ရက်၌ ၉၉ ဒသမ ၂၅ ပွိုင့်အထိ ရောက်ရှိခဲ့သည်။ ဖေဖော် ၀ါရီ ၆ ရက်တွင် ၁၀၀ ဒသမ ၁၀ ပွိုင့်အထိ ပြန်လည်မြင့်တက်ခဲ့ပြီး ၉၉ ဒသ မ ၅၉ ပွိုင့်သို့ ကျဆင်းခဲ့ကာ ဖေဖော်ဝါရီ ၇ ရက်တွင် ၁၀၀ ဒသမ ၁၄ ပွိုင့် အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ၁၀၀ ဒသမ ၆၆ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီကျော်ချိန်တွင် ၁၀၀ ဒသမ ၂၀ ပွိုင့်အထိ ကျဆင်းခဲ့သော်လည်း မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ၁၀၀ ဒသမ ၅၄ ပွိုင့်အထိ ပြန်လည် မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက် တွင် ဖြစ်ပေါ်သော ကမ္ဘာ့အဓိကငွေကြေးအချို့၏ ငွေလဲနှုန်းများမှာ တစ်ယူ ရိုလျှင် ၁ ဒသမ ၀၆ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ် လာ၊ အမေ ရိကန် တစ်ဒေါ်လာလျှင် ၁၁၂ ဒသမ ၃၉ ယန်းတို့ ဖြစ်သည်။
ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး နေ့စဉ်အတက်အကျများဖြင့် မတည် မငြိမ်ဖြစ်ပေါ်နေပြီး ပြည်တွင်းဈေးကွက်တွင်လည်း သက်ရောက်မှုများ ရှိနေ သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေးစံချိန် တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အနိမ့်ဆုံး နှုန်း ထားအဖြစ် ဇန်န၀ါရီ ၁၆ ရက်တွင် ၁၃၄၆ ကျပ်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဇန်န ၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ် အထိ ပြန် လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၇ ရက်အထိ တစ်ဒေါ် လာ ၁၃၅၄ မှ ၁၃၆၂ ကျပ်ကြားတွင် နေ့စဉ် အတက်အ ကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး အညွှန်းကိန်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းဒေါ်လာဈေး ၁၃၆၉ ကျပ်အ ထိ ခုန်တက်ခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်အတွင်း ဒေါ်လာဈေး အနည်းငယ် မြင့်တက် လာသေြာေ ကာင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေ လဲနှုန်းကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ကျပ် ၁၃၆၀ အဖြစ် ၅ ကျပ်မြှင့် တင် သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်ရည်ညွှန်းနှုန်းကို ဇန်န၀ါရီ ၃၁ ရက် မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျပ် ၁၃၅၀ အဖြစ်သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၁၃၆၀ အထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလအတွင်း နိုင်ငံခြားငွေလဲ နှုန်းအခြေအနေကို ကြည့်ပါက အနိမ့်ဆုံး ၁၃၄၆ ကျပ်ဖြစ်ခဲ့ပြီး အမြင့်ဆုံးနှုန်းမှာ ကျပ် ၁၃၇၀ ဖြစ်သည်။ ဇန်န၀ါရီ ၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် စဖွင့်ခဲ့သော ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၀ ရက်၌ ကျပ် ၁၃၇၀ အထိမြင့် တက်ခဲ့ပြီးေ နာက် ပြန်ကျ ဆင်းခဲ့ရာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် ဈေးပိတ်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက်တွင် ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်သော အခြားနို င်ငံခြားငွေလဲနှုန်း အချို့မှာ ယူရို ၁၄၅၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၉၆၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၀၈ ကျပ်၊ ထိုင်းဘတ် ၃၉ ဒသမ ၁ ကျပ်၊ ဗြိ တိန်ပေါင် ၁၇၀၀ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၁ ကျပ်၊ သြစတြေးလျ ဒေါ်လာ ၁၀၄၀ ကျပ်၊ တရုတ်ယွမ် ၁၉၈ ကျပ်တို့ဖြစ်ကြောင်း နိုင် ငံခြား ငွေကြေးရောင်းဝယ် သူများထံမှ သိရသည်။
Credit: Eleven Media Group