သီလဝါတန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ဖို့ ကုမ္ပဏီ
၂၆ ခုကို ကနဦးရွေးချယ်ထားတယ်လို့ ဆောက်လုပ်ရေးဝန်
ကြီးဌာနထံက သိရပါတယ်။
အခန်းပေါင်း ၁၂၀၀ ကျော်ပါဝင်မဲ့ တန်ဖိုးနည်းအိမ်ရာတည်
ဆောက်ဖို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက တင်ဒါ ခေါ်ယူခဲ့ပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ယင်းကုမ္ပဏီတွေကို ပဓာ
မရွေးချယ်ခဲ့တာဖြစ်တယ်လို့ ယင်း ဝန်ကြီးဌာန မြို့ပြနဲ့အိမ်
ရာဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်အနီးရှိ မြေဧက ၂၀ ပေါ်မှာ အကောင်
အထည်ဖော်မဲ့ ယင်းအိမ်ရာစီမံကိန်းအတွင်း ၄ ခန်းတွဲ၊ ၆ ခန်းတွဲ၊
၈ ခန်းတွဲ ၅ ထပ်အဆောက်အဦးတွေကို တည်ဆောက်မှာဖြစ်ပြီး
တန်ဖိုးနည်းတိုက်ခန်းတွေ အပြင် တန်ဖိုးသင့်အခန်းတွေလည်း
ပါဝင်တယ်လို့ သိရပါတယ်။
အထူးစီးပွားရေးဇုန်မှာ လာရောက်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေနဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် ဦးတည်အ ကောင်အထည်ဖော်
တဲ့ ယင်းစီမံကိန်းကို ဝန်ကြီးဌာနဦးဆောင်မှုဖြင့် ဆောက်လုပ်ရေး
လုပ်ငန်းတွေကို အကောင်အထည်ဖော်စေတာလည်း ဖြစ်ပါတယ်။
ဝန်ကြီးဌာနအကောင်အထည်ဖော်တဲ့ ယင်းအိမ်ရာစီမံကိန်းအကုန်
လုံးကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နဲ့ချိပ်ဆက်ပြီး
ရောင်းချသွားမှာဖြစ်ပြီး တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပြည့်မီသူ
တွေကို ဦးစားပေးရောင်း ချပေးသွားမှာလည်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အခုတစ်နှစ်အတွင်း တိုက်ခန်း
၈၀၀၀ ကျော်ကို အကောင်အထည်ဖော် သွားဖို့ရှိတယ်လို့လည်း
သိရပါတယ်။
Credit: SFJ Strategy First