ရန်ကုန်အခြေစိုက် အိမ် ခြံ မြေ ဈေးကွက်တွင် ပြည်ပနိုင်ငံသား အငှားဈေးကွက်မှာ ယခင်ထက် ပိုမိုအားကောင်းလာခဲ့ပြီး
လက်တလောတွင် ကိုရီးယားနိုင်ငံသားများ အများဆုံးလာရောက်ငှားရမ်းနေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။
””ပြည်ပနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေအငှားဈေးကွက်တော်တော်အားကောင်းလာတယ်။
ရင်းနှီးမြုပ်နှံသူတွေ အလာများလာတော့ နေစရာအတွက် လိုအပ်လာတယ်လေ။လတ်တလောမှာတော့ နိုင်ငံခြားသားတွေထဲကဆိုရင်
ကိုရီးယားလူမျိုးတွေ လာတာများတယ်။သူတို့ရှာတဲ့နေရာတွေကတော့ ဗဟန်း၊မရမ်းကုန်း၊မြောက်ဒဂုံမှာဆို ပင်လုံလမ်းဘက်တွေ အဖြစ်များတယ်။ဈေးကတော့အိမ်နဲ့ နေရာအပေါ်မူတည်တယ်။
နောက်ပြီး နေဖို့အဆင်သင့်ဖြစ်နေတဲ့နေရာတွေမှာဘဲ Fully Furniture တွေပဲ နေကြပါတယ်။ဈေးကတော့ ၁၀ သိန်း နဲ့ ၁၅ သိန်း ကြားထဲမှာ အဖြစ်များတယ်။””ဟု ရန်ကုန်အခြေစိုက်
အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူ ကပြောပြသည်။
မြန်မာနိုင်ငံအနေဖြင့် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံခြားသား
များလာရောက် ရင်းနှီးမြုပ်နှံမှုမှာ အားကောင်းလာခဲ့သည့်အပြင် ယင်းနှင့်
ဆက်စပ်နေသော အိမ် ခြံ မြေ ဈေးကွက်သည်လည်း အတန်ငယ်ကောင်း
မွန်လာခဲ့သည်။သို့သော် နိုင်ငံခြားသားများလာရောက် ငှားရမ်းနေထိုင်မှုတွင် မကြာခဏ ဈေးနှုန်းမတည်ငြိမ်သည့် အဖြစ်များနှင့်
တွေ့ရခြင်းကြောင့် ကွန်ဒို ဥပဒေ ပေါ်ထွက်လာပါက ပိုမိုအဆင်ပြေမည်ဟု အကျိုးဆောင်များကဆိုသည်။
””ကွန်ဒို Law ပေါ်လာရင်တော့ ငှားနေကြတာထက် ၀ယ်နေကြမှာပေါ့။ငှားနေရတာကတော့ ရေရှည်မှာ
ပြည်ပနို်င်ငံသားတွေအတွက် အဆင်မပြေဘူး။ဈေးနှုန်းကြီးမြင့်တာကအစပေါ့။Condo Law မှာက လေးဆယ်ရာခိုင်နှုန်းလောက်အထိ
ပိုင်ဆိုင်ခွင့်ပေးထားတဲ့အခါကြတော့ Fair လည်းဖြစ်တယ်လေ။
အိမ် ခြံ မြေ အတွက်လည်း
အရမ်းကောင်းသွားမယ်။””ဟု စိုင်းခွန်နောင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ MD ဖြစ်သူမှ သုံးသပ်ပြောကြားခဲ့သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com