ထားဝယ်မြို့သစ် အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှား

ထားဝယ်မြို့သစ် အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှား - Property News in Myanmar from iMyanmarHouse.com
10 Feb 2017 11:48 am တွင် တင်ခဲ့သည်
2668 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့သစ်အိမ်ခြံမြေ ဈေးကွက်မှာ ရပ်ကွက်အတွင်းရှိ အဓိက လမ်းမတွေ ကို အဆင့်မြင့်လမ်းခင်းလာတာကြောင့် မြေအရောင်းအဝယ်တွေ ပြန်လည် လှုပ်ရှားလာပါတယ်။

ထားဝယ်မြို့သစ်ရပ်ကွက်အတွင်း အဓိကလမ်းတွေဖြစ်တဲ့ ကမြောကင်း(၄)လမ်းကနေ (၇)လမ်းအထိ လမ်း လေးလမ်းကို မြေသားလမ်းကနေ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နေတဲ့အတွက် အဲ့သည်အနီးမှာ ရှိတဲ့ အိမ်ခြံမြေ ဈေးကွက် ပြန်လည် လှုပ်ရှားလာတာလို့ သိရပါတယ်။

(၇)လမ်းအနီး နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ ကိုကျော်ထွေးက “ဈေးကွက်အေး နေတာ နှစ်နှစ်လောက်ရှိပြီ၊ အခု လမ်းတွေ ခင်းနေတော့မှ နည်းနည်းလှုပ်လာတာ၊ မြေဈေးနှုန်းတွေကတော့ အပြောင်းအလဲ မရှိဘူး၊ အရင်အတိုင်းပဲ၊ လမ်းမတန်း အကွက်တွေဆိုရင်တော့ ဈေးပိုများတယ်၊ တစ်ကွက်စ၊ နှစ်ကွက်စတော့ အရောင်းဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ထားဝယ်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း မြို့တွင်းအကွက်တွေသာ အရောင်းအဝယ် အနည်းငယ်ဖြစ်ပြီး ကျန် နေရာတွေမှာ အရောင်းအဝယ် အေးနေခဲ့တာ နှစ်နှစ်ကျော်ကြာပါပြီ။ လက်ရှိမှာတော့ လမ်းတွေ ပြန်ခင်းနေတာ ကြောင့် မြို့သစ်အိမ်ခြံမြေဈေးကွက်တွေ ပြန်လည် အသက်ဝင်လာတာလို့ သိရပါတယ်။

ကမြောင်းကင်း(၃)လမ်းမှာ နေထိုင်သူ ဒေါ်သန်းတင်က “ဒီမှာက တခြားဒေသတွေလို ပွဲစားသတ်သတ် မရှိဘူး၊ နည်းတယ်၊ အများစုက နီးစပ်ရာ အချင်းချင်း စပ်ပေးပြီး ရောင်းလိုက်ကြတာများတယ်၊ လမ်းတွေ အားလုံး ပြီး သွားမယ်ဆိုရင်တော့ မြေဈေးတွေ ဒီထက်ပိုတက်နိုင်မယ်လို့ ခန့်မှန်းထားတာပဲ၊ အရောင်းအဝယ်က အရမ်းကြီး မကောင်းသေးဘူး၊ အစမို့” လို့ ပြောပါတယ်။

ရပ်ကွက်အတွင်းရှိ အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ မြေကွက်တွေကတော့ ပေ ၄၀x ပေ ၆၀ တစ်ကွက်ကို အိမ်မပါ ကျပ်သိန်း ၃၀၀ ဝန်းကျင် ရောင်းဈေး ရှိပါတယ်။ လမ်းမကြီးတွေနဲ့ တစ်လမ်းကျော် မြေကွက်တွေဆိုရင် ပေ ၄၀ x ပေ ၆၀မြေတစ်ကွက်ကို ကျပ် သိန်း ၁၅၀ကနေ ၂၀၀ ဝန်းကျင် ဈေး ရှိနေပါတယ်။ ကမြောင်းကင်း-ထားဝယ်လမ်းမကြီးပေါ်ရှိ မြေကွက်ဆိုရင် သိန်းထောင်ဂဏန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံ မြေ လုပ်ငန်းရှင်တွေက ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service