အာရပ်စော်ဘွားများပြည်ထောင်စု၏ ထိပ်တန်း developer ဖြစ်သော Manazel Real Estate သည် ဒူဘိုင်းနှင့် အဘူဒါဘီအကြား တွင်တည်ရှိသော ဂန်တုကမ်းရိုးတန်းဒေသ၌ လူနေအိမ်ရာစီမံကိန်းတစ်ခု
တည်ဆောက်ရန် စီစဉ်လျက်ရှိသော အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Manazel သည် အာရပ်စော်ဘွားများပြည်ထောင်စု၏ အလယ်အလတ်ဝင်ငွေရှိသူများအတွက် အရည်အသွေးမီနေအိမ်များ ဆောက်လုပ်ပေးနေသည့် ဦးဆောင် developer ဖြစ်လာလျက်ရှိသည်။
“ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ ကြေညာနိုင်ခဲ့တဲ့အတွက် ကျွန်တော်အလွန်ဝမ်းမြောက်မိပါတယ်။
ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှုအဟုန်ရှေ့ဆက်နေတာကို ထင်ဟပ်ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဒါက အဘူဒါဘီရဲ့ Vision 2030 စီမံကိန်းကို အထောက်အကူပေးဖို့လည်း ရည်ရွယ်ပါတယ်” ဟု Manazel Real Estate ၏ ဥက္ကဌ မိုဟာမက် မီဟာနာ အယ်လ် ကူဘိုင်စီက ပြောကြားသည်။
“ယူအေအီးနိုင်ငံသားတွေအပြင် ဒေသတွင်းတစ်လွှားက ဝယ်လက်တွေအတွက် အရည်အသွေးမြင့်မားတဲ့ လူနေအိမ်ရာ
စီမံကိန်းတွေ ကျွန်တော်တို့ ဆက်လက်အကောင်အထည်ဖော်သွားပါမယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို လာမယ့် ၂၀၁၇၊ ဧပြီလအတွင်းမှာ ပြုလုပ်မယ့် အဘူဒါဘီ Cityscape ပြပွဲမှာ ထုတ်ဖော်ကြေငြာသွားပါမယ်”ဟု ကူဘိုင်စီက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)