ရွှေဝယ်ယူသူတွေ ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်ကို ​လျှော့ချ​ပေးနိုင်ဖို့ လုပ်ငန်းရှင်တွေတင်ပြ

ရွှေဝယ်ယူသူတွေ ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်ကို ​လျှော့ချ​ပေးနိုင်ဖို့ လုပ်ငန်းရှင်တွေတင်ပြ - Property News in Myanmar from iMyanmarHouse.com
10 Feb 2017 11:04 am တွင် တင်ခဲ့သည်
1671 ကြိမ် ကြည့်ရှု့ပြီး
ရွှေဝယ်ယူသူတွေ ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းကို ပြင်ဆင်ပေးနိုင်ဖို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အ
သင်းတာဝန်ရှိသူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကိုတင်ပြထားတယ်လို့ သိရပါတယ်။

မကြာခင်အတည်ပြုမဲ့ အခွန်အခဥပဒေမူကြမ်းအရ ရွှေဝယ်ယူ
သူတွေအနေနဲ့ ဝယ်ယူတဲ့တန်ဖိုးပေါ်မှာ သတ် မှတ်ထားတဲ့ အခွန်ရာခိုင်နှုန်းကို ပေးဆောင်ရတော့မှာဖြစ်ပြီး ရွှေဈေးကွက်
အပေါ်မှာ သက်ရောက်မှုကြီးနိုင် တာကြောင့် တင်ပြရခြင်းဖြစ်
တယ်လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။

“ ကျွန်တော်တို့တင်ပြတာကတော့ ၃ ရာခိုင်နှုန်းဆိုပြီး တစ်ခါတည်းကောက်မဲ့အစား ၁ ရာခိုင်နှုန်းလောက်ကိုအ
ရင်ကောက်မယ် နည်းနည်းကြာ ၂ ရာခိုင်နှုန်း၊ ပြီးတော့မှ၃ ရာခိုင်နှုန်း၊ အဲဒါဆိုအခွန်ထမ်းကလည်း အလေ့အ ကျင့်
လေးဖြစ်သွားမှာ၊ ဒီတိုင်းတန်းကောက်ရင် ဝန်ထုတ်ဝန်ပိုးတွေဖြစ်တယ်လို့ မြင်လာမှာစိုးလို့ပါ”လို့ပြောပါ တယ်။

သတ်မှတ်ထားတဲ့ အခွန်ကိုရှောင်ချင်တာကြောင့် မှောင် ခိုအရောင်းအ၀ယ်တွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်မိ
တယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

တိတ်စိန်ရွှေဆိုင်လုပ်ငန်းရှင် ဦးဇော်အောင်က “အခွန်က အရင်ကတည်းကရှိပေမယ့် ရွှေဆိုင်တွေက ဝယ်သူကိုယ် စား နှုန်းတစ်ခုနဲ့ဆောင်ပေးနေတာပါ၊ အခု ၃ ရာခိုင်နှုန်းအ
တိုင်းလုပ်ရမယ်ဆိုရင် ဆိုင်တွေလည်း အခက်အခဲတွေရှိ လာနိုင်တယ်”လို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံတကာငွေလဲလှယ်နှုန်းတွေနဲ့ တိုက်ရိုက် ချိပ်ဆက်နေတဲ့ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းအမြင့်
တွေဖြစ်ပေါ်ချိန် ဝယ်သူတွေအနေနဲ့ အခွန်တန်ဖိုးပါ ထပ်မံပေးဆောင်ရနိုင်တာကြောင့် လုပ်ငန်းရှင်တွေကော ဝယ်သူသူတွေပါ အခက်အခဲတချို့ရှိလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေကပြောဆိုပါတယ်။

Credit: SFJ Strategy First Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service