နေပြည်တော်တည်ဆောက်စဉ်ကသိမ်းဆည်းမြေများအတွက် စည်ပင်က ၉၀ ရာခိုင်နှုန်းနီးပါးလျော်ကြေးပြန်လည်ပေးအပ်ခဲ့ပေမဲ့ လျော်ကြေးငွေနည်းပြီးမြေဧကအတိုင်းအပြည့်အဝ ပြန်မရတာတွေကိုနေပြည်တော်စည်ပင်မှာ ပြန်လည်တောင်းဆိုနေကြပါတယ် ။
နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက‘စည်ပင်သာ ယာရေးကော်မတီကိုမြေယာကိစ္စနဲ့ပတ်သက်ပြီးတင်ပြမှုတွေထဲမှာအများဆုံးပြန်တွေ့ရတာဘာလဲဆိုတော့ လျော်ကြေးတော့ရတယ် ၊ လျော်ကြေးနည်း တယ် ၊ စိုက်ပျိုးမြေဧကအတိုင်းအပြည့်မရဘူး ၊ အဲဒါမျိုးတွေ့ရတယ်’ လို့ ပြောပါတယ် ။
နေပြည်တော်တည်ဆောက်ရေးကာလမှာသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ နဲ့ ပတ်သက်ပြီးနေပြည်တော် စည်ပင်သာယာရေးကော်မတီကြေ ဖရှင်းဆောင်ရွက်ရာမှာသိမ်းဆည်းခံတောင်သူတွေကိုမြေယာလျော်ကြေးပေးလျော်မှု ရှိမရှိ၊ ကျေးရွာရွှေ့ပြောင်းတဲ့နေရာမှာ ရသင့်ရထိုက် တဲ့ တောင် သူတွေ အိမ်ဝိုင်းကွက်ရမရနဲ့ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီးဒေသ ခံတွေကို တရားစွဲဆိုထားတဲ့ ကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ် ။
ဦးမင်းသူက ‘လျော်ကြေးမရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကြည့်လိုက်တော့ အား လုံးနည်းနည်း ၉၀ ရာခိုင်နှုန်းလောက်ဟာလျော်ကြေးရပြီးသားဖြစ်တယ် ၊ သူရဲ့ဥပဒေနည်းလမ်းနဲ့အတူလျော်ကြေးတွေ ပြန်ပေးတယ် ၊ အဲဒီလိုပဲေ ကျးရွာရွှေ့ပြောင်းတဲ့နေရာမှာကျေးရွာမှာအိမ်ပိုင်အိုးပိုင်နဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့သူတွေကို ရပ်ကွက်ဖြစ်သွားတဲ့ အချိန်မှြာေ မကွက်တွေ ပြန်ချပေးတယ် ၊ မရဘူးဆိုတဲ့သူကိုရအောင်ပြန်ပေးတယ် ၊ အဲဒီသုံးချက်ကိုအဓိကထားပြီးဆောင်ရွက်ပေးနေပါတယ်’ လို့ ပြောပါတယ် ။
လက်ရှိအစိုးရအနေနဲ့ ရွှေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်မှာလယ်ယာမြေသိမ်းဆည်းမှုကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူများရဲ့ အခက် အခဲများကို ပြန်လည်ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြုခဲ့မှုကြောင့် တစ်နိုင် ငံလုံးမှာ ရှိနေတဲ့ လယ်ယာမြေ သိမ်းဆည်းခြံ ပည်သူတွေရဲ့ ပြဿနာကိြုေ ဖရှင်းပေးနေပါတယ် ။
တောင်းဆိုနေကြမြေယာလျော်ကြေးအစား ဝိုင်းကွက်တွေ ချပေးခဲ့တာရှိပေမဲ့ လုံးဝမရလိုက်တဲ့ တောင်သူတွေကလည်းမြေနေရာ ပြန်လည်ရရှိဖို့ တောင်းဆိုထားပါတယ် ။ သိမ်းဆည်းပြီးသားဖြစ်တဲ့ မြေယာတွေ အပေါ်မှာ အစိုးရ အနေနဲ့စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းမရှိတဲ့ မြေကွက်တွေကိုမှုလပိုင်ရှင်တောင်သူများက ပြန်လည်ပေးဖို့ တောင်းဆိုထားပါတယ် ။
‘အဲဒီတောင်သူတွေ တင်ထားတဲ့ တောင်းဆိုချက်တွေကိုခေတ်ကာလနဲ့ ကိုက်ညီတဲ့ လျော်ကြေးပေးမှုတွေ ဖြစ်လာအောင် သက်ဆိုင် ရာ မြေယြာ ပန်လည် စိစစ်ရေးအဖွဲ့ကနေ အဆင့်ဆင့် စိစစ်သွားပြီးမှ ဗဟိုမှုဝါဒ က နေချ မှတ်လာရင်တော့ ဆောင်ရွက်ပေးသွားမယ်လို့ တောင်သူတွေကို အကြောင်းပြန်ပြီးပြီ’ လို့ ဦးမင်းသူက ဆိုပါတယ် ။
နေပြည်တော် တည်ဆောက်စဉ်က သိမ်းဆည်းခဲ့တဲ့ မြေယာတွေက လယ် ယာမြေပေါင်း ဧက ၂၃,၀၀၀ ကျော် ၊ သစ်တောမြေကို ပယ်ဖျက်ပြီး ပြည် ထဲရေးမှ တစ်ဆင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက အသုံြး ပုဖို့ မြေအဖြစ် ဧကပေါင်း ၃၀,၀၀၀ ခန့်နဲ့ ပျဉ်းမနား ၊ လယ်ဝေး ၊ တပ်ကုန်ြး မို့ဟောင်းမှ မြို့မြေကွက်အဖြစ် သတ်မှတ်ခဲ့တဲ့ ဧက ၅၀၀၀ ခန့် ၊ မြေ လွတ်မြေရိုင်း ၊ စားကျက်မြေများသိမ်းဆည်းမှု ၇၅ ဧကခန့် ရှိတာကြောင့် သိမ်းဆည်းမြေဧက စုစုပေါင်း ခြောက်သောင်းကျော်ခန့် ရှိပါတယ် ။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို တင်ပြလွှာပေါင်း ၃၀၀ ကျော် ရှိပြီး ၊ အများဆုံး တင်ပြလာမှု မှာ လျော်ကြေးပေးခဲ့စဉ် က လျော်ကြေး အနည်းငယ်သာ ပေးဆောင်ခဲ့တာရယ် ၊ မြေဧက အတိုင်ြး ပန်လည် ပေးဆောင်မှု မရှိတာကို အများဆုံးတင်ပြတောင်းဆို ထားကြတာ ဖြစ်ပါတယ် ။
လယ်ယာမြေဆုံးရှုံးနစ်နာတဲ့ တောင်သူတွေကို အစိုးရသစ်သက်တမ်း အစတည်းက ပြန်လည်လျော်ကြေးပေးဖို့ တိုင်းနဲ့ပြည်နယ် ရပ်ကျေး အဆင့်အထိ ကော်မတီများဖွဲ့ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။
Credit: The Modern