မြေရှင်က ကန်ထရိုက်တာများကိုတရားဆွဲဆိုသည့် အရေအတွက်များပြားလာ

မြေရှင်က ကန်ထရိုက်တာများကိုတရားဆွဲဆိုသည့် အရေအတွက်များပြားလာ - Property News in Myanmar from iMyanmarHouse.com
10 Feb 2017 9:47 am တွင် တင်ခဲ့သည်
1749 ကြိမ် ကြည့်ရှု့ပြီး
သတ်မှတ်ထားသော ကာလကျော်လွန်သည့်တိုင် ဆောက်လုပ်မှု မပြီးစီးခြင်းကြောင့် မြေရှင်က ကန်ထရိုက်တာများကို တရားစွဲဆိုသော အရေအတွက် လစဉ်မြင့်တက်နေကြောင်း သတင်းရရှိသည်။

‘‘စာချုပ်စာတမ်းဖောက် ဖျက်မှုနဲ့ တရားစွဲလို့ရတော့ မြေ ရှင်တွေက သတ်မှတ်ထားတဲ့အ ချိန်မပြီးတော့ တရားစွဲနေကြတာ လတိုင်း ငါးဦးကနေ ၁၀ ဦး လောက်အထိရှိတယ်။ ၂၀၁၆ က တော့ အများဆုံးဖြစ်လာနိုင်ဖို့ရှိ တယ်’’ဟု ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မြေရှင်နှင့် ကန်ထရိုက်တာ များအကြား တရားစွဲဆိုနေမှုများ သည် နေ့စဉ်နှင့်အမျှ နိုင်ငံပိုင် သတင်းစာများတွင် ကြည့်ရှုနိုင် ကြောင်း ဧရာမြေဆောက်လုပ် ရေး လုပ်ငန်းရှင် ဦးမန်းဝင်းမြင့်က ပြောသည်။

‘‘ကြိုပွိုင့်တွေက အခန်းတွေ မထွက်တော့ ကန်ထရိုက်တာတွေ ဘက်က ဆက်ဆောက်ဖို့ ငွေမရှိ လို့ ရပ်လိုက်တာတွေများလာ တယ်။ မြေရှင်တွေဘက်ကလည်း သတ်မှတ်ထားတဲ့အချိန် မပြီးတော့ ဒုက္ခတွေရောက်ကုန်တာ’’ ဟု ၎င်းက ဆိုသည်။
မြေရှင်နှင့် ကန်ထရိုက်တာ များအကြား တရားစွဲဆိုနေမှုများ အပြင် မြေရှင်နှင့် အခန်းကြိုတင် ဝယ်ယူထားသူများအကြား တရား စွဲဆိုမှုများလည်း မြင့်တက်နေပြီး အရပ်စာချုပ်ဖြင့် ဝယ်ယူထားခြင်း တို့ကြောင့် တရားစွဲဆိုမှုများဖြစ်ခဲ့ ပါက တစ်ဖက်နှင့်တစ်ဖက် ခိုင်လုံမှုမရှိကြောင်း တရားလွှတ် တော်ရှေ့နေ ဦးအေးမြင့်က ပြော ကြားသည်။

ရန်ကုန်မြို့တွင် ကြိုပွိုင့်တိုက် ခန်းဈေးကွက် ဆက်တိုက်ကျဆင်းနေချိန်၌ ယခုကဲ့သို့ အရေအ တွက်များစွာ ဆက်လက်ဖြစ်ပေါ် နိုင်သောကြောင့် အစိုးရအနေဖြင့် တစ်ခုခု ဝင်ရောက်ထိန်းသိမ်း ကြပ်မတ်ပေးစေလိုကြောင်း လိုင်စင်ရ ကန်ထရိုက်တာများအသင်း (ယာယီ)က တိုက်တွန်းထားသည်။

တည်ဆောက်မှုပြီးစီးပြီဖြစ် သော်လည်း အခန်းဝယ်ယူထားသူ အချို့က လူနေခွင့်မကျသေးခြင်း၊ လျှပ်စစ်မီး မရရှိသေးခြင်းတို့ ကြောင့် ပြန်လည်ရောင်းချရန် အခက်အခဲအချို့ ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ က ဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service