ကန်ထရိုက်တိုက်ခန်းများ ထရန်စဖော်မာ တပ်ဆင်ခ တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲ ပေးသွင်းရတော့မည်

ကန်ထရိုက်တိုက်ခန်းများ ထရန်စဖော်မာ တပ်ဆင်ခ တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲ ပေးသွင်းရတော့မည် - Property News in Myanmar from iMyanmarHouse.com
9 Feb 2017 11:44 am တွင် တင်ခဲ့သည်
1918 ကြိမ် ကြည့်ရှု့ပြီး
အခန်းသုံးခန်းမှ ၁၇ ခန်း အတွင်းရှိ ကန်ထရိုက်တိုက်ခန်း များအနေဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ ထရန်စဖော် မာတပ် ဆင်ခ တစ်ခန်းလျှင် ကျပ်ငါးသိန်း ခွဲ ပေးသွင်းရတော့ မည်ဖြစ်
ကြောင်း သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၀ ကျော်ပါက ကန်ထရိုက် တိုက်ခန်းများ အနေဖြင့် ကိုယ်တိုင်တပ်ဆင်ရသောစနစ်ကို ပယ်ဖျက်ကာ ထရန်စဖော်မာ ကို လမ်းနှင့် ရပ်ကွက်များအလိုက် လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေး ရှင်းက လိုအပ်ချက်ပေါ်မူတည်၍ ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံတပ် ဆင် ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ က ပြောသည်။

တပ်ဆင်ခအဖြစ် ကန်ထ ရိုက်တိုက်ခန်းများကို တစ်ခန်းလျှင် ကျပ်ငါးသိန်း ခွဲကောက်ခံ မည်ဟု ဆိုသည်။

အိမ်သုံးမီတာ တပ်ဆင်ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် ငွေပေး သွင်းပြီး ထ ရန်စဖော်မာတပ်ဆင် ခ ပေးသွင်းပြီးမှသာ လူနေထိုင်ခွင့် ရပြီဖြစ်သော တိုက်ခန်းများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေး မည်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုတိယ အင်ဂျင်နီယာ ချုပ်က ပြောသည်။

လူနေတိုက်ခန်းများ အစီအ စဉ်ပြီးပါက စီးပွားရေးလုပ်ငန်း များကိုလည်း ယခုကဲ့သို့ လုပ် ဆောင်ရန် အစီအစဉ်ရှိပြီး သုံးစွဲ မည့် လျှပ်စစ်ပမာဏကို ကြိုတင် ခွင့်ပြုချက်တောင်းခံခြင်းမျိုး ပြု လုပ်ရမည့် အစီအစဉ်များရှိသည် ဟုလည်း ၎င်းက ဆက်လက်ပြော သည်။ ယင်းအစီအစဉ်ကို ရန်ကုန်မြို့
တော် စည်ပင်ကန်ထရိုက်တာ များ အသင်းနှင့် တိုင်းဒေသကြီး အစိုးရ အ ဖွဲ့တို့ ဆွေးနွေးဆုံးဖြတ်ပြီးမှသာ သတ်မှတ်ခြင်းဖြစ် ကြောင်း သတင်းရရှိ သည်။

ထို့ကြောင့် ပုံမှန်မီတာ လျှောက်ထားစဉ် ကျပ်နှစ်သိန်းမှ သုံးသိန်းခန့် ကုန်ကျ စရိတ်ရှိပြီး ယခုကဲ့သို့ ပုံစံပြောင်းလိုက်သော ကြောင့် ကန်ထရိုက် တိုက်ခန်း တစ်ခန်းလျှင် လျှပ်စစ်မီတာ လျှောက် ထားပါက စုစုပေါင်း ကျပ်ရှစ်သိန်းခန့် ကုန်ကျမည့်အနေအထားဖြစ် ကြောင်း မြမြင့်မိုရ်ဆောက်လုပ် ရေးလုပ်ငန်းရှင်ဦးထွေးမြင့်က သုံးသပ်သည်။

လျှပ်စစ်မီတာလျှောက်ထား ရာတွင် ကုန်ကျစရိတ်သည် မြေ ရှင်နှင့် ကန်ထ ရိုက်တို့ စာချုပ်ချုပ် ဆိုသည့်အပေါ်မူတည်ပြီး ကုန်ကျ စရိတ်ကျခံ ရခြင်းဖြစ်
ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

‘‘ကန်ထရိုက်တာ လက်ထဲ မှာ အခန်းကရှိနေသေးတယ်၊ မရောင်းရသေးဘူး ဆိုရင်တော့ ကန်ထရိုက်တာက မီတာလျှောက် တဲ့ ကုန်ကျစရိတ်ကို သူခံရ မှာပေါ့’’ဟု ၎င်းက ဆိုသည်။

တစ်ခန်းလျှင် ကျပ်ငါးသိန်းခွဲပေးသွင်းရန် ၂၀၁၆ ဒီဇင်ဘာက လူနေထိုင်ခွင့် ထုတ်ပေးသည့် ကန်ထရိုက်တိုက်အလုံးရေ ၄၀၀ ကျော် စတင်အကျုံးဝင် မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာနှင့် အဆောက်အအုံ ဌာနမှ သိရသည်။ရန်ကုန်မြို့တွင် မူဝါဒအ သစ် ဖြင့် ထရန်စဖော်မာကြေး ကျပ်ငါးသိန်းခွဲပေးသွင်းရမည့် တိုက်အလုံးရေ သည် ဇန်နဝါရီ လကုန်အထိစာရင်းများအရ ၇၀၀ ကျော်ရှိကြောင်း အထက် ပါ ဌာနက ထုတ်ပြန်ထားသည်။

‘‘အရင်က ကျွန်တော်တို့ ကန်ထရိုက်တွေကို ကိုယ့်အစီအ စဉ်နဲ့ကိုယ် ထရန် စဖော်မာတပ်ရမယ်ဆိုပြီး ညွှန်ကြားတယ်။ အခု အစီအစဉ်ပြောင်းပြီး တစ် ခန်းကို ငါးသိန်းခွဲ ကောက်မယ်။ သူတို့အစီအစဉ်နဲ့ သူတို့လိုအပ်ချက်ကို ကြည့်ပြီး လုပ်ပေးမယ်ဆိုပြီး ညှိ နှိုင်းရင်းနဲ့ ဒီရလဒ်ထွက်လာတာ ပါ’’ဟု လိုင်စင်ရကန်ထရိုက်တာ များအသင်း အတွင်းရေးမှူး ကိုလားဆယ်က ပြော သည်။

ရန်ကုန်မြို့အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ သွယ် တန်းခြင်းနှ င့် ဖြန့်ဖြူးခြင်း စသည် ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Working Group များဖွဲ့စည်းကာ Master Plan ရေးဆွဲရန် စီစဉ်နေ ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။


Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service