မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုးကျေးရွာ ကွင်းအမှတ် (၆၁၆) စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ နေရာတွင် ကျပ်သိန်းပေါင်း ၄၅၀၀၀၀ တန် သစ်သီးဝလံပန်းမန် ဟင်း သီးဟင်းရွက်ကုန်စည်ဒိုင်ပွဲရုံ
ခေတ်မီသုံးထပ်ဈေးသစ်ကြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုံးထပ်ဈေးသစ်ကြီးကို မြို့တော်အတွင်းနေရာအနှံ့အ ပြားပြန့်
ကျဲရောင်းချနေကြသောသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် ဈေးသည်များတစ်စုတစ်စည်းတည်းဖြစ်စေရန် လူသွားလမ်း၊ ယာဉ်သွား လမ်းများပိတ်ဆို့ကျပ်တည်းခြင်း၊ ယာဉ်ကြောပိတ်ခြင်း၊ ဈေးဆိုင်များ မှ ထွက်ရှိလာသော အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်းမရှိသော
ကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာခြင်း စသည့်အခက်အခဲ များ
ပပျောက် စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများလာ ခြင်း
ဈေးနှုန်းများအားထိန်းညှိပေးခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ၏ခွင့်ပြုချက်ဖြင့် ရွှေမိုးကုမ္ပဏီ (SHWE MORE GROUP)နှင့် မန္တလေးသစ်သီးဝလံကုန်စည်ဒိုင်တို့က အကျိုး တူပူးပေါင်း၍တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သုံးထပ်ဈေးကြီးတည်ဆောက်ရန်အတွက် ရွှေမိုးကုမ္ပဏီက ကွင်း အမှတ်(၆၁၆)နေရာတွင် မြေစမ်းသပ်ခြင်း၊ မြေတိုင်းခြင်း၊ ပုံစံထုတ်ခြင်း လုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှစ၍ ကွင်းဆင်းဆောင်
ရွက်နေ ကြောင်း၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်ကုန်
စည်ဒိုင်(ပွဲရုံ) ဈေးကြီးတွင် အလျားပေ ၂၀၊ အနံ ပေ ၄၀ အမြင့်ကိုးပေရှိ
ခြောက်ခန်း တွဲတိုက်ခန်းပေါင်း ၁၀၀ ပါရှိကြောင်း သိရသည်။
Credit: Democracytoday