ရွှေထည်လက်ဝတ်ရတ နာများ ရောင်းချရာတွင် ၀ယ်ယူ သူထံမှ အစိုးရက ကုန်သွယ်လုပ် ငန်းခွန် ၃ ရာခိုင်နှုန်း ကောက်ခံ မည်ဆိုပါက အရောင်း အ၀ယ် လျော့နည်းနိုင်သည်ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
ဒီချုပ်အစိုးရသည် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ကောက်ခံ မည့် ပြည်ထောင်စု အခွန်အ ကောက်ဥပဒေကြမ်း၌ ရွှေထည် လက်ဝတ်ရတနာများ ၀ယ်ယူရာ မှ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်
နှုန်းကျသင့်စေမည်ဟု ဖော်ပြထားသည်။ရွှေထည်လက်ဝတ်ရတနာ များကို ၀ယ်ယူရာတွင် အခြား ကုန်ပစ္စည်းများကဲ့သို့ အစိုးရက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်းကောက်ခံရန် စီစဉ်သော် လည်း ရွှေလုပ်ငန်းရှင်များ က လျှော့ချပေးရန် တောင်းဆိုသဖြင့် ၃ ရာခိုင်နှုန်းကောက်ခံရန် ဥပဒေ တွင်း ထည့်သွင်းဖော်ပြထားသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အရာရှိ တစ်ဦးက ပြောသည်။
ရွှေလုပ်ငန်းရှင်များသည် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင် နှုန်းကောက်ခံခြင်း ကို ထပ်မံလျှော့ချပြီး ၁ ရာခိုင်နှုန်းသာ ကောက်ခံ ရန် မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင် များအသင်းက အစိုးရထံ တောင်း ဆိုထားကြောင်း ဦးကျော်ဝင်း က ပြောသည်။
ရွှေထည်လက်ဝတ်ရတနာ များကို ၀ယ်ယူသူထံမှ ကုန်သွယ် လုပ်ငန်း ခွန် ကောက်ခံသော် လည်း ရွှေကို အတုံးလိုက်ဝယ်ယူ စုဆောင်းမည် ဆိုပါက အခွန်ပေး ဆောင်စရာမလိုကြောင်း ဦးကျော်ဝင်းက ပြောသည်။
ဖေဖော်ဝါရီ ၇ ရက်တွင် ပြည်တွင်းဈေးကွက်၌ ရွှေဈေးသည် တစ်ကျပ်သား လျှင် ၈၈၇,၀၀၀ ကျပ် ဈေးရှိပြီး ဖေဖော်ဝါရီ ၁ ရက်နှင့် နှိုင်းယှဉ်ပါက တစ် ကျပ်သား လျှင် ၁၁,၀၀၀ ကျပ် ဈေးမြင့်တက် ခဲ့သည်။ ပြည်တွင်းရွှေဈေးမြင့် တက်မှုသည် ကမ္ဘာ့ရွှေဈေးမြင့် တက်ခြင်းကြောင့် ဖြစ်သည် ဟု ရွှေလုပ်ငန်း ရှင် တစ်ဦးက ဆို သည်။ ကမ္ဘာ့ရွှေဈေးသည် ဖေ ဖော်ဝါရီ ၁ ရက်တွင် တစ်အောင်စလျှင် ၁,၂၀၈ ဒေါ်လာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ၁,၂၃၃ ဒေါ်လာသို့ မြင့်တက်လာသည်။
Credit: 7DayDaily