ညောင် ချောင်းသာကမ်းခြေအပန်းဖြေရေ ချိုးဆိပ်ကိုနေရာပြောင်း
လဲသတ်မှတ် ကာဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ကမ်းခြေ အရှည်မှာယခင်
ထက်လေးဆခန့်ပို မိုရှည်လျားသွားပြီဖြစ်ကြောင်း သိရ သည်။
ယင်းကမ်းခြေဖွင့်ပွဲအခမ်းအ နားကို ယခုတိုးချဲ့သတ်မှတ်ဖွင့်လှစ် လိုက်သည့် ဧရာဝတီမြစ်ဘေးတွင် ဖေဖော်ဝါရီ ၈ရက်က ကျင်းပခဲ့ပြီး ယခင်ကမ်းခြေမှာ ပန်းလှိုင်မြစ်ဘေး တွင်ဖြစ်ကြောင်း၊ ယခင်ကကမ်းခြေ အကျယ်မှာ ပေ ၄၀၀ ကျော်ရှိပြီး ယခု ကမ်းခြေအကျယ်မှာပေ ၁၅၀၀ ခန့် ရှိကြောင်းညောင်တုန်းမြို့နယ် စည် ပင်သာယာရေးကော်မတီမှသိရသည်။
""အရင်နှစ်တွေကစီစဉ်တဲ့ ကမ်းခြေက ပန်းလှိုင်မြစ်ဘေးမှာ၊ ဒီ နှစ်ကဧရာဝတီမြစ်ဘေးမှာ၊ ကမ်း စပ်ကနေ ရေထဲဆင်းသွားရင် ပေနှစ် ရာအကွာမှာတောင်လေးပေလောက် ပဲနက်တယ်။ နောက်ပြီး အရေးပေါ်
ဖြစ်ရင်လည်းစက်လှေတစ်စင်းနဲ့LifeJacket တွေစီစဉ်ပေးထားတယ်။
အသက်ကယ်အဖွဲ့တစ်ဖွဲ့အဆင်သင့် ဖြစ်နေမှာပေါ့""ဟု ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ
ဦးအောင်မျိုးဝင်းက ပြောသည်။
အဆိုပါကမ်းခြေတွင် လူဖြတ် သန်းခ၊ ကားပါကင်၊ ရေပေါ်စား သောက်ဆိုင်၊ လျှပ်စစ်မီး၊ သန့်စင် ခန်းတို့ကို ငွေကျပ် ၈၂၅ သိန်းဖြင့် ကန်ထရိုက်ပေးကာ ကမ်းခြေဈေး ဆိုင်ခန်းများကို မြို့နယ်စည်ပင်သာ ယာရေးကော်မတီ
မှငွေကျပ်ခုနစ် သိန်းဖြင့် မဲဖောက်ရောင်းချစေကာ ဆိုင်ခန်းပေါင်း ၆၀ ရောင်းချခွင့် ပေးထားကြောင်းသိရသည်။
ကမ်းခြေဈေးဆိုင်တစ်ခုဖြစ် သော လေနုအေးစားသောက်ဆိုင်မှ ဒေါ်ဥမ္မာဟန်က""အရင်နှစ်ကကျပ် ငါးသိန်းပေးရတယ်။ ဆိုင်ခန်းခက အခုနှစ်တော့ခုနစ်သိန်းပေါ့။ ဆိုင်ပါ ဆောက်ပေးအပြီးလေ။
ဒီလိုညောင် ချောင်းသာဆိုပြီးဖြစ်လာတာက ရွာ သူရွာသားတွေအတွက်တော့ အရင် ကထက်စာရင်အဆင်ပြေတာပေါ့။ စားရသောက်ရတာ ချောင်လည် တာပေါ့""ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၏အနောက်ဘက် ရန်ကင်းစံ
ရာကျေးရွာရှိ ညောင် ချောင်းသာ(ရန်ကင်းသာ)အပန်းဖြေ ကမ်းခြေကို လာမည့်မေလလယ် ခန့်အထိ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
Credit: Democracytoday