မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ

မြေငှားဂရန် မူရင်းကို သက်ဆိုင်ရာက ပယ်ဖျက်ရသည့် ကိစ္စရပ်များ - Property News in Myanmar from iMyanmarHouse.com
8 Feb 2017 12:15 pm တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး
''မြေငှားဂရန်မူရင်းတွေကို သက်ဆိုင်ရာက ပယ်ဖျက်တာတွေ ရှိတယ်လို့ သိရတယ်။ ဘယ်လို ကိစ္စတွေလဲဆိုတာ သိချင်လို့ သူငယ်ချင်း'' မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး
မေးမြန်း ဆွေးနွေးလာခြင်း ဖြစ်သည်။

''တိုက်ခန်းတွေ အဝယ်ထပ် သလို ဂရန်မူရင်း နှစ်ခု သုံးခုဖြစ်နေတာတွေ၊ မြေချပါမစ် နှစ်ခု ရှိနေတာ တွေကြောင့် သက်ဆိုင်ရာက စိစစ်ပြီး မမှန်မကန်ထုတ်ယူထားတဲ့ ဂရန်စာချုပ်တွေ မြေချပါမစ် တွေကို ပြန်လည်ရုပ်သိမ်း ပယ်ဖျက်တာပဲ ဖြစ်တယ်''

''ဒါဆိုရင် မြေချပါမစ်အတု၊ ဂရန်စာချုပ်အတုတွေ ရှိနေတဲ့ သဘောပေါ့''

''မှန်ပါတယ်၊ ဒါပေမယ့် သက်ဆိုင်ရာရုံးဌာနကတော့ အတုလား၊ အစစ်လား ခွဲခြားသိရှိကြတယ်လို့
ပြောတယ်''

''ပြီးခဲ့တဲ့ နှစ်လလောက်က ဖြစ်မယ်ထင်တယ်။ မိတ်ဆွေတစ်ဦးက သူဝယ်ထားတဲ့ မြေကွက်ရဲ့
မြေချပါမစ်မူရင်းကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြေယာ ရုံးခွဲကို သွားပြတယ် ပြောတယ်''

''အဲဒီတော့ သက်ဆိုင်ရာက ဘာပြောလိုက်သလဲ''

''သူတို့ရုံးဌာနက ထုတ်ပေးတဲ့ မြေချပါမစ်မဟုတ်ဘူးလို့ ပြောတယ်၊ ဘယ်ကရသလဲ စစ်ဆေး မေးမြန်းတာကြောင့် မိတ်ဆွေက ကျွန်တော်ဝယ်ထားလိုက်တာပါလို့ အမှန်အတိုင်းပြောပြခဲ့တယ်၊
သက်ဆိုင်ရာ ရုံးက ပြန်အပ်ဖို့ပြောတယ်တဲ့၊ စာရွက်စာတမ်း အတု လက်ဝယ်ရှိရင် ဥပဒေအရ
အရေးယူနိုင်တယ်လို့ ပြောတာနဲ့ ဆိတ်ဆိတ်နေပြီး ပြန်လာခဲ့ရတယ်လို့ ပြောပြတယ်''

''စာရွက်စာတမ်းအတုတစ်ခုကို သိလျက်နဲ့ လက်ဝယ်ထားပြီး အစစ်အမှန်အဖြစ် အသုံးပြုမယ် ဆိုရင်
စာရွက်စာတမ်းကို မိမိကိုယ်တိုင် လိမ်လည်အတုပြုသကဲ့သို့ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ ရာဇသတ်ကြီး ဥပဒေမှာ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် စာရွက်စာတမ်းအတု ဖြစ်ကြောင်း သိရင်တော့ သက်ဆိုင်ရာကို ပြန်အပ်တာဟာ အန္တရာယ်အကင်းဆုံးပဲ သူငယ်ချင်း''

''တရားရုံးမှာ တရားစွဲဆိုပြီး ဂရန်စာချုပ်ကို ပယ်ဖျက်ရတာလည်း ရှိတယ်ဆို''

''အေး .. အခြေအနေအမျိုးမျိုး ရှိတယ်၊ သူငယ်ချင်း နားလည်အောင် ရှင်းပြရမယ်ဆိုရင် ဂရန် လျှောက်ထားတဲ့အခါ မြေချပါမစ် မူရင်းကို တင်ပြရတယ်။ မြေချပါမစ် အမည်ပေါက်သူထံမှ
အရပ် ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ခဲ့တဲ့ စာချုပ်တွေ တင်ပြပြီး နောက်ဆုံး ဝယ်ယူနေထိုင်သူက
ဂရန်မူရင်း ထုတ်ပေးဖို့လျှောက်ကြရတယ်။ သက်ဆိုင်ရာရုံးဌာက ဂရန်မူရင်း ထုတ်ပေးရင်တော့
မူလမြေပါမစ် မူရင်းကို သိမ်းဆည်းလိုက်မှာဖြစ်တယ်''

''နောက်တစ်ယောက်က မြေကွက်ပါမစ်မူရင်းတစ်ခုကိုပြပြီး အရပ်ကတိစာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ စာချုပ်တွေလည်းပြမယ်။ ဒီအချက်တွေနဲ့ ဂရန်လျှောက်ခဲ့ရင် ဘယ်လိုဖြစ်နိုင်မလဲ''

''အဲဒီလို ထပ်နေရင်တော့ သက်ဆိုင်ရာဌာနက မူလထုတ်ပေးထားခဲ့တဲ့သူထံ အကြောင်းကြားပြီး
ဂရန်မူရင်းကို တင်ပြစေမယ်။ ပြီးတော့ ပထမလူတင်ပြခဲ့တဲ့ မြေကွက်ပါမစ်နဲ့ နောက်ပိုင်း အခုမှ တင်ပြတဲ့ မြေကွက်ပါမစ်တို့ကို ကျွမ်းကျင်သူတို့နဲ့ စိစစ်ပြီး အမှား အမှန်ခွဲခြားမယ်။ ပထမလူထံမှာ ရှိနေတဲ့ မြေကွက်ပါမစ်ဟာ မမှန်ကန်ဘူးဆိုရင်တော့ ပထမလူဆီက ဂရန်စာချုပ်ကို ပြန်လည် အပ်နှံဖို့ အကြောင်းကြားမှာဖြစ်တယ်။ ပထမလူက အဆိုပါ ဂရန်စာချုပ်ကို ပြန်လည်အပ်နှံခြင်း
မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ရုံးဌာနက ပထမလူထံ ထုတ်ပေးထားတဲ့ ဂရန်မူရင်းကို ပယ်ဖျက်ကြောင်း အများသိစေရန် နေ့စဉ်ထုတ်သတင်းစာမှာ ကြော်ငြာပေးသွားမှာ ဖြစ်တယ်''

''သူငယ်ချင်းပြော စကားအရ ဆိုရင် အဲဒီလို အခြေအနေမျိုးဆိုရင်တော့ သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဌာနဆိုင်ရာက ဆုံးဖြတ်အတည်ပြုလိုက်ရင် ဖြစ်တယ်ပေါ့''

''မှန်ပါတယ်။ တစ်ခါတစ်ရံ ကျတော့လည်း နှစ်ဖက်ခေါ်ယူပြီး ဆုံးဖြတ်လို့ မရတဲ့ ကိစ္စရပ်တွေလည်း ရှိတာပေါ့။ အဲဒီလို အခါမျိုးမှာ နစ်နာသူက အခြားသူအပေါ် မမှန်မကန်ရယူထားသည့် ဂရန် စာချုပ် ပယ်ဖျက်ပေးစေလိုမှုနဲ့ ပစ္စည်းလက်ရောက်ရလိုမှုအဖြစ် တရား စွဲဆိုကြတာတွေလည်း ရှိတယ်''

''ဘယ်လိုပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် သေချာစိစစ်ပြီးမှ ဝယ်သင့်တာပေါ့နော်''

''မှန်ပါတယ်။ အိမ်မြေဝယ် မယ်ဆိုရင်ပြီးစလွယ်လုပ်ပြီး မဝယ်မိကြဖို့ အထူးသတိပြုသင့်တယ်''

''တကယ်လို့ မြို့တော်စည်ပင် သာယာရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာနက တစ်ဦးတစ်ယောက် လက်ဝယ်ရှိတဲ့ မြေငှား ဂရန်စာချုပ်ဟာ မမှန်ကန်ကြောင်း၊ အတုဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဘယ်လိုဆက်လုပ်နိုင်သေးသလဲ''

''ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘယ်သူမဆို မိမိ လက်ဝယ်က ဂရန်စာချုပ်ကို သက်ဆိုင်ရာ ဌာနက ဖျက်သိမ်း ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့ရင် အထက်အဖွဲ့အစည်းထံတင်ပြလိုတဲ့
စိတ်ဆန္ဒတော့ ရှိမှာဖြစ်တယ်။ ဒါကြောင့် ဥပဒေကလည်း အယူခံသဘောမျိုး တက်ခွင့်ပေးထား တာရှိတယ် သူငယ်ချင်း''

''ဘယ်လိုပုံစံဆိုတာ ရှင်းပြပါဦး''

''မြို့တော် စည်ပင်သာယာ ရေး ကော်မတီရဲ့ သက်ဆိုင်ရာဌာန ကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို
မကျေနပ်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တရားစီရင်ရေး ဥပဒေ ပုဒ်မ-၁၆ (က)(၂)နှင့် ၄ တို့အရ အာဏာပေး စာချွန်တော် အမိန့် သို့မဟုတ် အာဏာ ပိုင်မေး စာချွန်တော် အမိန့်ထုတ် ဆင့်ပေးဖို့ လျှောက်ထားခွင့်ရှိမှာ ဖြစ်တယ်''

''လက်ခံဆောင်ရွက်တဲ့ အမှုတွေ ရှိတယ်ပေါ့''

''ရှိတာပေါ့၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈ဝ မှာ ဖော်ပြထားတဲ့ (ဦးဇော်မျိုး ဝင်း နဲ့ ဌာနမှူး၊ အ ဆောက်အအုံနှင့် ကုန်ရုံဌာန၊ မန္တလေးစည်ပင်သာယာရေးကော်မတီ) အမှုမှာ
မန္တလေးစည်ပင်သာယာရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် စာချွန်တော်အဖြစ် အာဏာပေး စာချွန်တော်ထုတ်ဆင့် ပေးဖို့ လျှောက်ထားတာ တွေ့ရတယ်။ ဒါကြောင့် ဥပဒေအရ ကုစားမှုတွေ ပေးထားကြောင်း ပြည်သူတွေ သိရှိဖို့လည်း အထူးလိုအပ်တယ်''

''ဘာပဲဖြစ်ဖြစ် အိမ်မြေ ရောင်းသူက ဂရန်အမည်ပေါက် ဖြစ်သည့်တိုင် သက်ဆိုင်ရာဌာနရုံးမှာ စိစစ်ဖို့ အထူးလိုအပ်တယ် ဆိုတာ ဗဟုသုတရလိုက်တယ် သူငယ်ချင်း''ဟု ပြောဆိုကာ နေ့ လယ်စာကျွေး၍ ကျေးဇူးတင် စကားပြောသွားခဲ့ပါသည်။

စာဖတ်သူများလည်း ဗဟုသုတရစေရန် ရည်ရွယ်ရေးသားလိုက်ခြင်းဖြစ်သည်။

Credit - Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားခဲ့...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀...
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service