အိမ်ခြံမြေရောင်းဝယ်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနသို့ပေးဆောင်ရသည့် တံဆိပ်ခေါင်းခွန်နှင့်စည်ပင်ခွန်ကို ယခင်က ခုနစ်ရာခိုင်နှုန်းကောက်ခံရာမှ လေးရာခိုင်နှုန်း သို့ လျှော့ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးက ယခုလ ၆ရက်တွင် ပြောကြားသည်။
ယခင်က အိမ်ခြံမြေရောင်းဝယ်ရာ၌ ဝင်ငွေရ လမ်းမဖော်ပြနိုင်ပါက သတ်မှတ်ထား သည့် အခွန်နှုန်းထားအပြင် တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း၊ စည်ပင် ခွန် နှစ်ရာခိုင်နှုန်းတို့ကို ပေးဆောင်ခဲ့ကြရသည်။
''အိမ်ခြံမြေရောင်းဝယ်ရာမှာ မြေပါတာဆို သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း အခွန်ဆောင်ရတဲ့အပြင် တံဆိပ် ခေါင်းခွန်တို့ စည်ပင်ခွန်တို့လည်းဆောင်ရ တယ်။ အရင်ကတော့ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းနဲ့ စည်ပင်ခွန် နှစ်ရာခိုင်နှုန်း စုစု ပေါင်းခုနစ်ရာခိုင်နှုန်းဆောင်ရပေ မယ့် အခု လျှော့ချလိုက်တာ တံဆိပ်ခေါင်း ခွန် နှစ်ရာခိုင်နှုန်းနဲ့ စည်ပင်ခွန် နှစ်ရာခိုင် နှုန်း စုစုပေါင်း လေးရာခိုင်နှုန်းပဲဆောင်ရ တော့တယ်''ဟု ယင်း ကပြောသည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေတွင် ဝင်ငွေရလမ်းမ ဖော်ပြနိုင်သည့် အိမ်ခြံမြေ ရောင်းဝယ်မှု များအတွက် ကျပ် သိန်း ၃၀၀အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀မှ ကျပ်သိန်း တစ်ထောင်ကြားကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်နှင့်အထက်ကို ၃၀ ရာ ခိုင်နှုန်း ပေးဆောင်ရန် ပြဋ္ဌာန်းထားသည်။
၂၀၁၅ခုနှစ် ပြည်ထောင်စု၏အခွန်အ ကောက်ဥပဒေတွင်မူ ကျပ်သိန်း တစ်သောင်းခွဲနှင့် အထက်ကိုသာ ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် ပြဋ္ဌာန်းထားခဲ့ သည်။ ထို့ကြောင့် အိမ်ခြံမြေရောင်းဝယ် သူများက ၂၀၁၇ခုနှစ်အ တွက်ပြဋ္ဌာန်းမည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် အိမ် ခြံမြေ ရောင်းဝယ်မှုများအတွက် ပေးဆောင်ရသည့်အခွန်ကို ပြန်လည်လျှော့ ချပေးရန် ဆန္ဒရှိနေကြသည်ဟု အိမ်ခြံ မြေအကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။
Credit : PYI Myanmar