ဖေဖော်ဝါရီ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာခြင်းေ ကြာင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၈၇၀၀၀ ကျော်အထိ ရောက်ရှိလာကာ မွန်းလွဲပိုင်းတွင် ကျပ် ၈၈၆၀၀၀ ခန့်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း ဈေး ကွက် အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ဆက် တိုက် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ၁၂၃၅ ဒေါ်လာ အထိ ရောက်ရှိခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ၁၂၂၉ ဒေါ်လာအထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇန်န၀ါရီ ၃၀ ရက်က ၁၁၈၉ ဒေါ်လာ ၀န်းကျင်သာ ရှိခဲ့ပြီး ဇန်န၀ါရီ ၃၁ ရက်တွင် ၁၂၁၄ ဒေါ်လာ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁ ရက်တွင် ၁၂၀၅ ဒေါ်လာ အထိ ပြန် လည် ကျဆင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂ ရက်တွင် ၁၂၁၆ ဒေါ်လာ အထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ၁၂၃၅ ဒေါ်လာ အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်က ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၈၈၀၂၀၀ အထိ မြင့်တက်သွားပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၈၇၆၇၀၀ ၀န်းကျင် ဈေးနှုန်းရှိခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ကျပ် ၈၈၀၃၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၈၈၁၅၀၀ အထိ၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျပ် ၈၈၇၁၀၀ ရောက်ရှိ လာခြင်းဖြစ်သည်။ ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာဈေး ကျပ် ၁၃၅၈- ၁၃၆၀ ၀န်းကျင်ဖြင့် ငြိမ်နေပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည် တွင်းရွှေဈေးနှုန်း တက်ရိပ်ပြနေခြင်းဖြစ်သည်။
ပြည်တွင်း ရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ကျပ် ၈၆၆၀၀၀ မှ ၈၆၇၅၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက် နံနက် ပိုင်းတွင် ၈၇၁၄၀၀ ၀န်းကျင်အထိ ရောက်ရှိခဲ့ကာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၈၇၃၀၀၀ ကျော်အထိ ဆက်လက် မြင့်တက်ခဲ့ကြောင်း သိရသည်။
တစ်လအတွင်း ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းကို နှိုင်းယှဉ်ပါက ဇန်န၀ါရီ ၇ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၄၇၇၀၀ ဖြင့် စဖွင့်ခဲ့ပြီး လက် ရှိ ဖေဖော်ဝါရီ ၇ ရက် ဈေးနှုန်း ကျပ် ၈၈၇၁၀၀ နှင့် ဆိုပါက တစ်လအတွင်း ကျပ် ၃၉၄၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇန်န၀ါရီလအတွင်း အမြင့် ဆုံး ဖြစ်ပေါ်သော ရွှေဈေးနှုန်းမှာ ကျပ် ၈၇၈၁၀၀ ဖြစ်ပြီး အနိမ့် ဆုံး ဖြစ်ပေါ်သော ရွှေဈေးနှုန်းမှာ ကျပ် ၈၄၁၆၀၀ ဖြစ်ကာ ဇန်န၀ါရီလ ကုန်ပိုင်းမှ စတင်ကာ ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် နိုင်ငံခြားငွေ လဲနှုန်း မြင့် တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငြံ ခားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group