ပြီးခဲ့သည့် ဇန်န၀ါရီလလယ်ပိုင်းမှစတင်ကာ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်များပြန်လည်အေး သွားခဲ့ပြီး အငှားဈေးကွက်တွင်သာ ဆက်လက်ပြီးအငှားဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုး ဆောင်အသိုင်းအ၀ိုင်းမှ သိရသည်။
လက်ရှိ ၂၀၁၇ခုနှစ်၊ ဖေဖော် ၀ါရီလသို့ရောက်ရှိလာခဲ့သည့်တိုင် အောင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အတွင်းအရောင်းအ၀ယ်များ လက် တွေ့ဖြစ်
လာခြင်းများနည်းပါးနေ သေးပြီး အမေးသာများနေကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ထက်အာ ကာအိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှဒေါ်အေးအေးမော်က""အခု လိုမျိုးဈေးကွက်မှာအရောင်းအ ၀ယ်နည်းလာတာကလည်း အဓိက အချက်ကတော့ အိမ်ခြံမြေဘက် မှာလူတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်းလာတာကြောင့် လည်းပါပါတယ်။ သူတို့အနေနဲ့က လည်းစောင့်ကြည့်နေတဲ့သဘော ရှိမယ်ထင်တယ်။ လက်ရှိမှာက တော့ အငှားဈေးကွက်အပေါ်မှာပဲ
ဈေးကွက်မူတည်နေတဲ့သဘော ပေါ့""ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
လက်ရှိတွင် မြို့တွင်းခြောက် မြို့နယ်အပါအ၀င် တာမွေ၊ ဗဟန်း၊
တောင်ဥက္ကလာပ စသည့်မြို့နယ် များတွင် အငှားအများဆုံးဖြစ်နေပြီး တိုက်ခန်းနှင့်လုံးချင်းနှစ်မျိုးစလုံး အငှားဖြစ်နေကြာင်း သိရသည်။လုံး ချင်းများတွင် ပေ ၂၀_ပေ ၄၀ များ အဓိကအငှားဖြစ်နေပြီး တိုက်ခန်း များမှာလည်းအငှားလိုက်နေကာ နေရာပေါ်မူတည်၍ ဈေးနှုန်းအမျိုး မျိုးကွာခြားသွားကြောင်း သိရသည်။ တိုက်ခန်းအငှားဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၈၀၀၀၀ မှ အမြင့် ဆုံးကျပ် ၁၅ သိန်းအထိ ဈေးနှုန်းအ သီးသီးရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဇွန်လနောက်ပိုင်း မှသာ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်များပုံမှန်အတိုင်း ပြန်လည်အရောင်းအ၀ယ်ဖြစ်လာ နိုင်ပြီး လက်ရှိအချိန်တွင် အချိန် အနည်းငယ်စောင့်ကြည့်ရမည်ဖြစ် ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းအတွင်းရေးမှူး ဒေါ်မို့မို့အောင်
က ဆိုသည်။
Credit: Democracytoday