အခုလက်ရှိအချိန်မှာ အိမ်ခြံမြေတွေကို ငှားရမ်းတာထက် ရောင်းချနေရ တဲ့ ဈေးကွက်က ပိုမြင့်နေတယ်လို့ သိရပါတယ်။
‘အခုလက်ရှိမှာတော့ ငှားတာထက်ဝယ်တာက ပိုများတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အခုပိုက်ဆံရှိတဲ့ သူတွေ က ငွေကို ကစားတဲ့ သဘောပေါ့ ဝယ်ထားတယ်၊ ဈေးတက်လာရင် ပြန်ရောင်းထုတ်ကြတယ်၊ အရောင်း မထွက်တော့လဲ သူတို့အတွက်က မရှုံးဘူးလေ၊ ငှားတဲ့သူတွေရှိရင် ပြန်ငှား လို့ ရတယ်လေလို့ မိုးမခအိမ်ခြံမြေအ ကျိုးဆောင်က တာဝန်ရှိသူ ကိုမင်းနိုင် က ပြောပါတယ်။
အရောင်းဈေးကွက် ပိုသွက်နေရတဲ့အကြောင်းကတော့ စီးပွားရေး လုပ်ငန်း ရှင်တွေက ဝယ်ယူပြီးဈေးတက်တဲ့ အချိန်မှ ပြန်လည်ရောင်းချတာတွေ ကို ပြုလုပ်နေတာကြောင့်ဖြစ်တယ်။ ဝယ်ယူတဲ့သူတွေကလည်းအဆင်မပြေ ရင် ပြန်ငှားရမ်းတာတွေ ပြုလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။
‘လုပ်ငန်းရှင်ကြီးတွေက စီးပွားရေးလုပ်ဖို့အတွက်ကို အဓိက ဝယ်ကြတယ်၊ ပြီးတော့ ဈေးတွေကိုတင်ပြီး ပြန်ရောင်းတတ်ကြတယ်၊ ရောင်းမထွက်ရင်လဲ နိုင်ငံခြားသားတွေကို ဒေါ်လာတွေနဲ့ငှားကြတယ်၊ ဒေါ်လာနဲ့ ဆိုတော့ သာ မန်လူတွေက မနေနိုင်ကြဘူးလေ၊ ငှားတော့လဲ ဈေးကတအားကြီးတယ်လို့ သုဝဏ္ဏက အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမျိုးမင်းက ပြောပါတယ်။
လုပ်ငန်းရှင်ကြီးတွေက အဝယ်ကို အဓိကလိုက်နေ တာဖြစ်ပြီး ပြန်လည်
ရောင်းချနေတာဖြစ်ပါတယ်။ သည်လို မျိုးပြုလုပ်နေတာတွေကြောင့် အိမ်ခြံမြေဈေးကွက်မှာ ငှားတာထက်ရောင်းတာက ပိုပြီးဈေးကွက်ဖြစ်နေ တယ်လို့ သိရပါတယ်။
Credit: The Kumudra