သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာရှိ မြေဧက ၃၇၀ ပေါ် တွင် အိုင်စီတီ စီးတီးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရန် ယခင်အစိုးရက မြန် မာနိုင်ငံကွန် ပျူတာအသင်းချုပ်အား တာဝန်ပေးအပ်သော်လည်း အစိုးရသစ် လက်ထက်၌ စီမံကိန်းနှင့်ပတ်သက်၍ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ စုံစမ်းသိရသည်။
‘‘လုပ်ခွင့်ရဖို့ သက်ဆိုင်ရာကို စာတင်ထားတာတွေ ရှိပါတယ်။ ရမယ်လို့ လည်း ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက အများအတွက် ကောင်း တာလုပ်တာလည်း ဖြစ်နေတယ်။ အသေးစိတ်တော့ မပြောချင်သေးဘူး။ ထူးရင်တော့ သိရမှာပါ။ အမြင်လွဲမှာလည်း စိုးရသေးတယ်’’ဟု မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦး က ပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအ သင်းချုပ်သည် အိုင်စီတီစီးတီးစီမံကိန်း အတွက် မြေဧက ၃၇၀ ကို ကျပ်သိန်း ၃၇,၀၀၀ ပေး၍ ၂၀၁၆ ဇန်နဝါရီ အတွင်းက ဒေသခံလယ်သမားထံမှ ဝယ်ယူခဲ့ခြင်း ဖြစ် သည်။
လယ်တစ်ဧကလျှင် ကျပ် သိန်း ၁၀၀ ပေး၍ ဝယ်ယူခဲ့ပြီး စီမံ ကိန်းကို ၂၀၁၆ အတွင်း စတင်နိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ယနေ့အထိ စတင်ဆောင် ရွက်နိုင် ခြင်းမရှိခဲ့ပေ။
အိုင်စီတီစီးတီးမြေနေရာအ တွက် မြန်မာနိုင်ငံ ကွန်ပျူတာအ သင်းချုပ် က ငွေကြေးစိုက်ထုတ် ဝယ်ယူခဲ့ပြီး စီမံကိန်း ဆက်လက် အကောင်အ ထည် ဖော်ဆောင်မှု ကို တင်ဒါစနစ်ဖြင့်သာ ဆောင်ရွက်မည်ဟု ဦးခွန်ဦးက ၂၀၁၆ ဇန်နဝါရီတွင် ပြောကြားထားသည်။
အိုင်စီတီစီးတီးစီမံကိန်းကို မြေဧက ၃၇၀ ပေါ်၌ အကောင်အ ထည်ဖော်ေ ဆာင်ရာတွင် ဧက ၁၁၀ ကို ပြည်တွင်းလုပ်ငန်းရှင် များအတွက် သတ်မှတ် ထားပြီး ကျန်ရှိသည့် ဧက ၂၆၀ ကို ပြည် တွင်း(သို့မဟုတ်)ပြည်ပ Devloper များဖြင့် အကောင်အထည် ဖော်ဆောင်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ စုံစမ်းသိရသည်။
စီမံကိန်းနှင့် ပတ်သက်၍ ယခင်က ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနသည် အဓိကသက် ဆိုင်သည့် ဝန်ကြီးဌာန တစ်ခုအနေ ဖြင့် ရပ်တည်ခဲ့သော်လည်း အ စိုးရသစ် တက်ရောက်လာ သည့် နောက်ပိုင်း ဆက်သွယ်ရေးဝန်ကြီး ဌာနကို ပို့ဆောင်ရေး ဝန်ကြီးဌာ နနှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း စီမံကိန်းနှင့် ပတ်သက်သည့် သတင်း များ တစ်နှစ်ကြာပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။
Credit: 7DayDaily