သြစတြေးလျတွင် နိုင်ငံခြားသားများအနေဖြင့် သူတို့တရားမ၀င်ဝယ်ယူခဲ့သည့် အိမ်များကို အတင်းအကျပ်ပြန်လည်ရောင်းထုတ်စေခြင်းဖြင့် တင်းကျပ်သော နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုစနစ်သစ်ကို သြစတြေးလျအစိုးရက အရှိန်မြှင့်လိုက်သည်။
နိုင်ငံခြားသားများအနေဖြင့် စုစုပေါင်း သြစတြေးလျဒေါ်လာ သန်း ၁၀၇ (အမေရိကန်ဒေါ်လာ သန်း ၈၀) တန်ဖိုးရှိ ထိုတရားမ၀င်အိမ်များကို မဖြစ်မနေပြန်လည်ရောင်းချကြ
ရန် သြစတြေးလျအစိုးရက ယမန်နေ့ (ဖေဖော်ဝါရီ ၆) က ကြေညာခဲ့သည်။
" သြစတြေးလျအိမ်တွေကို တရားမ၀င်ကိုင်ထားတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ပြီး အဲ့ဒီအိမ်
တွေကို ပြန်လည်စွန့်လွှတ်စေမှာပါ" ဟု ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆင်ကပြောကြားခဲ့သည်။
စုစုပေါင်း သြစတြေးလျဒေါ်လာ သန်း ၁၀၇ (အမေရိကန်ဒေါ်လာ သန်း ၈၀) တန်ဖိုးရှိ
တရားမ၀င်အိမ် ၆၁ အိမ်ကို စစ်ဆေးတွေ့ရှိထားပြီးဖြစ်ပြီး နောက်ထပ်တရားမ၀င်
အိမ်ဝယ်ယူသည်ဟု သံသယရှိသူ နိုင်ငံခြားသား ၃၆ ကို စစ်ဆေးနေကြောင်းလည်း
သူက ပြောကြားခဲ့သည်။ ထို ၆၁ ခုတွင် ၂၅ ခုက တရုတ်နိုင်ငံသားများ ၀ယ်ယူခဲ့ကြခြင်း
ဖြစ်ပြီး ကျန်အိမ်များကို ဗြိတိန်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ ဖြစ်သည်။
သြစတြေးလျအစိုးရသည် နိုင်ငံခြားသားများအား ကြိုပွိုင့်အိမ် ၀ယ်ယူခွင့်မပြုထားသည့်
၎င်းတို့၏ အိမ်ခြံမြေစည်းမျဉ်းကို ချိုးဖောက်သော နိုင်ငံခြားသားများအား ငွေဒဏ်အပြင်
ထောင်ဒဏ်ပါ ချမှတ်နိုင်သည့် စည်းမျဉ်းသစ်များကို ၂၀၁၅ ဒီဇင်ဘာက စတင်ချမှတ်ခဲ့
သည်။
သြစတြေးလျတွင် လက်ရှိအစိုးရလက်ထက်၌ တရားမ၀င်အိမ်ခြံမြေ၀ယ်ယူသူနိုင်ငံခြား
သားများသည် တစ်ဦးလျှင် ငွေဒဏ် သြစတြေးလျဒေါ်လာ ၁၃၅၅၀၀ နှင့် ကုမ္ပဏီဖြစ်ပါက၆၇၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထိ ဒဏ်တပ်ခံရနိုင်သည်။
အိမ်ဈေးများသည် မကြာသေးမီနှစ်များအတွင်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ အထူး
သဖြင့် ဆစ်ဒနီနှင့် မဲလ်ဘုန်းတွင် ဖြစ်သည်။ အိမ်ဝယ်ယူနိုင်ရန် လက်လှမ်းမီမှုကိစ္စသည်
အဓိကကျသောနိုင်ငံရေးကိစ္စရပ်တစ်ရပ်ဖြစ်လာသည်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားသားဝယ်လက်များမှာ အထူးသဖြင့် တရုတ်မှဖြစ်သည်။ ယခုအခါ ထိုကြေညာချက်ကြောင့် အလားအလာရှိသော နိုင်ငံခြားသားဝယ်လက်များ သြစတြေးလျအိမ်ခြံမြေ
ဈေးကွက်ကို စွန့်ခွါသွားမည်ကို စိုးရိမ်မှုများ သြစတြေးလျအိမ်ခြံမြေလောကတွင် ရှိနေသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com