အက်ဖ်အမ်အိုင်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Landmark Development အဆင့်မြင့် အဆောက်အအုံစီမံကိန်း ၂၀၂၀ ပြည့်နှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ဖတ်စ် မြန်မာ အင်ဗက်စ်မန့်ကုမ္မဏီ လီမိ တက် ရဲ့(FMI) ဥက္ကဋ္ဌ ဦးသိန်းဝေက ပြောပါတယ်။
ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် က မြန်မာမီးရထား ရုံးချုပ်အဆောက်အအုံနေရာက မြေ ၁၀ ဧကခန့်မှာ အဆင့်မြင့် ဟိုတယ်၊ ရုံး ခန်း၊ ကွန်ဒိုစတဲ့ဆောက်လုပ်ရေးစီမံကိန်းတွေတည်ဆောက် မှာဖြစ်ပါတယ်။
အက်ဖ်အမ်အိုင်ကရှယ်ယာ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Meeyahta Interna-tional Hotel Limited က ဆူးလေ ဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်က မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံနေရာက မြေ ၁၀ ဧက ခန့်ကို နှစ်ရှည်ငှားရမ်းပိုင်ဆိုင်ခွင့်ရထားတာဖြစ်ပါတယ်။
သည်မြေနေရာမှာ Landmark Develo-pment အဆင့်မြင့်အဆောက်အအုံ စီမံကိန်းကိုတည်ဆောက်သွားမှာဖြစ်ပါတယ်။
သည်စီမံကိန်းမှာ မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံကို Peninsula Hotel Yangon ဟိုတယ်အဖြစ် ပြင်ဆင်မွမ်းမံပြီး တည်ဆောက်မှာဖြစ်ပါ တယ်။
ဇိမ်ခံကွန်ဒိုမီနီယံအဆောက်အအုံတစ်လုံး၊ စီးပွားရေး လုပ်ငန်းသုံး ဟိုတယ် တစ်လုံး၊ ဝန်ဆောင်မှုပါဝင်မယ့် လူနေတိုက်ခန်းများ ဂရိတ် A အအဆင့်ရှိ ရုံးခန်းများပါရှိတဲ့ တာဝါတွေနဲ့ လက်လီအရောင်းဆိုင်တွေကို တည်ဆောက် မှာဖြစ်ပါတယ်။
Landmark Development အဆင့်မြင့်အဆောက်အအုံစီမံကိန်းက အမေရိ ကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ ဆောက်လုပ်ရေး စီမံကိန်းကို The Hongkong and Sha-nghai Hotels, Mitsubishi Corpor-ation,Mitsubishi Estate, IFC, ADB တို့နဲ့ပူးပေါင်းတည်ဆောက်မှာဖြစ်ပါတယ်။
သည်စီမံကိန်းကို သည်ဖေဖော်ဝါရီလမှာ စတင်တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းကာလ သုံးနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ အပြီးတည်ဆောက် မှာဖြစ်ပါ တယ်။ သည်စီမံကိန်းကအဆောက်အအုံသုံးလုံးမှာ တစ်ခုကို သာရောင်း ချမှာဖြစ်ပြီးကျန်တဲ့အဆောက်အအုံတွေကို ငှားရမ်းတာတွေဆောင်ရွက် မှာ ဖြစ်ပါတယ်။
ဖတ်စ်မြန်မာအင်ဗက်စ်မန့်ကုမ္မဏီလီမိတက်ရဲ့ အက်ဖ်အမ်အိုင် အိမ်ရာ ကဏ္ဍမှာ သန်လျင်ကြယ်စင်အိမ်ရာကို တည်ဆောက်ရောင်းချနေတာ ဖြစ်ပါ တယ်။ သန်လျင်မြို့နယ်က မြေဧက ၁၃၅ဧက ပေါ်မှာကြယ်စင်မြို့ တော် (Star City) ကိုတည်ဆောက်ထားပြီး လူနေအိမ်ခန်း ၉၀ဝ၀ခန့် နဲ့ စီးပွားရေး နဲ့ အရောင်းဆိုင်များအားက စားနည်းမျိုးစုံပါတဲ့ လေ့ကျင့်ရေးကျောင်းများ အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိက ကျောင်းတို့ကို တည်ဆောက်ထား တာဖြစ်ပါ တယ်။
သည်အိမ်ရာ စီမံကိန်းကို ဇုန်(က)၊ (ခ)၊ (ဂ) နဲ့အပိုင်းလိုက် အကောင် အထည်ဖော်နေပြီး ဇုန်(က)နဲ့ (ခ)က လူနေတိုက်ခန်း ၉၇ ရာခိုင်နှုန်းရောင်း ချခဲ့ပြီး ဇုန်(ဂ)Galaxy Tower က အခန်း ၁၀ ရာခိုင်နှုန်းaရာင်းချခဲ့ ပါတယ်။ အခုနောက်ထပ်ဆောက်လုပ်ရေး လုပ်ငန်းစီမံကိန်းဖြစ်တဲ့ Landmark Development အဆင့်မြင့် အဆောက်အအုံ စီမံကိန်းတည်ဆောက်ရေး စတင်နေပြီ ဖြစ်ပါတယ်။
Credit: The Kumudra