အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းပြီး ကမ္ဘာ့ရွှေဈေးပြန်မြင့်တက်လာ တာကြောင့် ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သား ကျပ် ၈၈၀,၀၀၀ ကျော် အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ် ။
ကမ္ဘာ့ရွှေဈေးတက်တဲ့အတွက် ပြည်တွင်း ရွှေဈေးကိုလည်း အတက်ပဲ မှန်းပါ တယ် ။ ငွေဈေးကျပြီး ရွှေဈေးပြန်မနေပါတယ် ။ အဓိက အမေရိကန် သမ္မတ အပေါ် စီပွားရေးသမားတွေ ယုံကြည်မှုနည်းနေတာကြောင့် လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြောပါတယ် ။
အမေရိကန်သမ္မတရဲ့ စီးပွားရေး မှုဝါဒတွေအပေါ် စီးပွားရေးလုပ်ငန်း ရှင်တွေ ယုံကြည်မှုနည်းတာကြောင့် အမေရိကန်ငွေတန်ဖိုး ကျဆင်းပြီး ရွှေဈေးကွက် အပေါ် ပြန်လည် ရင်းနှီးမြှုပ်နှံတာကြောင့် ဖြစ်ပါ တယ် ။ စတော့ခ်ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာ တာကြောင့် ငွေတန်ဖိုး ကျဆင်းလာတာ ဖြစ်ပါတယ် ။
ကမ္ဘာ့ရွှေဈေးတက်ရခြင်းကတော့ ရွှေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှု ပိုလာ တာကြောင့်ပါ ။ကမ္ဘာ့ရွှေဈေးအတက်ကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်လံမြင့်တက်လာပါတယ် ။
ပြည်တွင်းရွှေဈေးဟာ လက်ရှိအချိန်မှာ တစ်ကျပ်သားကို ကျပ် ၈၈၀,၀၀၀ အစွန်းကို ရောက်ရှိနေပါတယ် ။ ရွှေဈေးကွက် လေ့လာ သုံးသပ်သူတွေ ကတော့ ပြည်တွင်းရွှေဈေးဟာ အမြင့်ပိုင်းကို ပြန်လည်ရောက်ရှိမယ်လို့ ဆိုပါတယ် ။ ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ်၉၀၀,၀၀၀ ကို တဖြည်းဖြည်း ပြန်လည်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ် ။
Credit: Kumudra