ရန်ကုန်မှာအငှါးအိမ်ရာလိုအပ်ချက်ကတော့ မြို့ပြင်တွေထွက်ကြည့်မှ ၊ကွက်ကွက်ကွင်းကွင်းထင်ထင်ရှားရှားပိုမိုသိသာစွာမြင်နိုင်ပါတယ်။အငှါးအိမ်ရာတွေ များများပေါ်ပေါက်ဖို့ နဲ့ဝန်ထမ်းတွေ အငှါးအိမ်ရာနဲ့ နေနိုင်ဖို့ အခုလိုလေ့လာကြည့် မိပြန်ပါတယ်။
ဂျပန် အငှါးအိမ်ရာ ၊ အားကျစရာ
နိုင်ငံတကာမှာအငှါးအိမ်ရာဆိုတာရှိတယ် ၊ ဂျပန်နိုင်ငံမှာဆိုရင် ဝင်ငွေနည်းနည်းသာရတဲ့ အလုပ်လုပ်ကိုင်သူတွေအတွက် ၊သူတို့နေထိုင်တဲ့ မြို့နယ်အလိုက် အငှါးအိမ်ရာကို ၊အစိုးရက ငှါးရမ်းပေးထားကြပါတယ်။ သူတို့ဟာပုံမှန်လုပ်ခလစာနည်းတဲ့သူတွေထက် ဝင်ငွေနည်းပေမယ့် ၊ သူတို့အနေနဲ့ လက်ရှိအလုပ်အကိုင်တစ်ခုရှိပြီးဝင်ငွေပုံမှန်ရရှိမယ်၊ မှီခိုတဲ့ မိသာစုတွေလည်းရှိမယ် ရလာတဲ့လစာထဲကဝင်ငွေခွန်ကို နိုင်ငံတော်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်တယ်ဆိုရင် ၊ အစိုးရအနေနဲ့ အငှါးအိမ်ရာများကိုရေရှည်ငှါးရမ်းပေးတာတွေရှိပါတယ်။
အငှားအိမ်ရာချပေးထားသင့်တဲ့သူတွေ
ဒါကြောင့်မြန်မာနိုင်ငံမှာလည်းအငှါးအိမ်ရာကိုအကောင်အထည်ဖော်ပေးသင့်ပါတယ်။ ဒီလိုလုပ်မပေးရင် အလုပ်လည်းရှိတယ် ၊ ပုံမှန်ဝင်ငွေလည်းရှိရက်နဲ့ ဒီလိုအငှါးအိမ်ရာမရှိဘူးဆိုရင် ကျူးကျော်နေမှာဘဲကောင်းမယ်ဆိုတဲ့ အတွေးတွေ ဝင်သွားနိုင်ပါတယ် ။ဒါကြောင့်နိုင်ငံတိုင်းလိုလိုမှာအိမ်ရာတွေရှိသလို ၊မြန်မာနိုင်ငံမှာလည်းအငှါးအိမ်ရာတွေ များများရှိသင့်ပါတယ် ။
လမ်းဘေး ကျူးကျော်နေထိုင်သူတွေကိုလည်းအစိုးရနဲ့ ကုမ္ပဏီများကအလုပ်အကိုင်များရှာဖွေပေးပြီးတဲ့နောက် ဝင်ငွေမှန်မှန် ရှိလာခဲ့ရင်အငှါးအိမ်ရာတွေမှာနေရာချထားပေးသင့်ပါတယ်။
ဘဏ်ချေးငွေစနစ်နဲ့ အိမ်ခန်ဝယ်ယူနိုင်အောင် စီစဉ်ပေးသင့်
ထို့အတူဘဏ်တွေအနေနဲကလည်းအိမ်ခန်းဝယ်ယူသူကိုတိုက်ရိုက်ဘဏ်ချေးငွေစနစ်နဲ့ အခန်းတွေကို ကြာရှည်စွာရောင်းချပေးသင့်ပါတယ်။ ဒါမှသာအဆောက်အအုံဆောက်လုပ်ပြီးရောင်းချတဲ့ ကုမ္ပဏီတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘဲ၊ ဘဏ်နဲ့အိမ်ခန်းဝယ်ယူသူရဲ့
ကြားမှာတွေးခေါ်ပုံတူညီမှုတွေရှိနေမှာ ဖြစ်ပါတယ်။
အိမ်ခန်းဝယ်ယူရင်ကြားအာမခံလိုအိပ်
အိမ်ခန်းဝယ်ယူသူတွေအနေနဲ့ လည်း၊အလုပ်လုပ်ကိုင်နေကြောင်းအလုပ်ထောက်ခံစာနဲ့ ကြားအာမခံတစ်ဦးအားဘဏ်ကိုသက်သေပြနိုင်ရင် ၊ဒီစနစ်ကအဆင်ပြေနေမှာပါ။ Hire Parchaseစနစ်ကျတော့ အိမ်ခန်းရောင်းချတဲ့ ကုမ္ပဏီကိုဘဏ်ကကိုင်ထားတာဖြစ်ပြီး၊ အိမ်ခန်းဝယ်ယူသူတွေအတွက် ဘဏ်ကတာဝန်မယူကြပါဘူး ။ ဘဏ်ကငွေထုတ်ချေးလိုက်ပြီးငွေချေးတဲ့သူက ပြန်မဆပ်နိုင်ဘူး
ဆိုရင် ကုမ္ပဏီကိုလာပြီး ပြဿနာရှာတက်ပါတယ်။
လာဘ်ပေးလာဘ်ယူကင်းစေဖို့ အိမ်ခန်းတွေကိုအရစ်ကျနဲ့ရောင်းပေးဖို့လို
ဒါကြောင့် ဘဏ်တွေကနေတစ်ဆင့် ၊ အိမ်ခန်းဝယ်ယူသူကိုတိုက်ရိုက်ဘဏ်ချေးငွေစနစ်နဲ့ အခန်းတွေကို Long Term (ကြာရှည်စွာ) ရောင်းချပေးသင့်ပါတယ်။ဒါ့အပြင် တန်ဖိုးမျှတအိမ်ရာဆိုတာကိုလည်းဝင်ငွေအလယ်အလတ်ရှိတဲ့ ဝန်ထမ်းနဲ့ ပြည်သူတွေကိုရောင်းချပေးသင့်ပါတယ်။ ဝယ်ယူသူတွေဟာအစိုးရဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ခဲ့ရင် ၊ သူတို့တွေကို နှစ်ရှည်နဲ့ အရစ်ကျပေးရတဲ့စနစ်ဖြစ်စေ ၊ တန်ဖိုးမျှတအိမ်ရာနဲ့ ဖြစ်စေရောင်းချပေးသင့်ပါတယ်။ ဒါမှ ဝန်ထမ်းတွေဟာလာဘ်ယူကိစ္စတွေနည်းပါ ၊ ပပျောက်သွားမှာဖြစ်ပါတယ်။
အဲ့ဒီဝန်ထမ်းတွေအနေနဲ့ ၊အကယ်၍စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကိုဖောက်ဖျက်ခဲ့ရင် ၊သူတို့သွင်းပေးထားတဲ့ ငွေတွေ ဆုံးရှုံးသွားမှာစိုးရိမ်ကြပါတယ်။ဒီလိုနဲ့ ဆောင်ရွတ်ခဲ့ရင် လာဘ်ပေးလာဘ်ယူသူတွေကိုစည်းကမ်းနဲ့ ထိန်းချုပ်ပြီးသာလည်း ဖြစ်သွားပါမယ်။
BOT စနစ်ဆိုတာအစိုးရမြေကိုနှစ်ရှည်အငှါးနဲ့ဆောက်တာ
ဒါပေမဲ့ ဒီလိုအစိုးဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို နှစ်ရှည်နဲ့ ဖြစ်စေအရစ်ကျစနစ်နဲ့ ဖြစ်စေရောင်းချပေးဖို့ ဆိုတာ BOT =Build Operate Tramsferစနစ်နဲ့ ဆောက်လုပ်သူတွေသာတတ်နိုင်ပါသတဲ့ ။BOT စနစ်ဆိုတာအစိုးရပိုင်မြေတွေကိုကုမ္ပဏီတွေနှစ်ရှည်ငှါးရမ်းတာဖြစ်ပြီး၊
ငှါးရမ်းခနှုန်းကလည်း နည်းနည်းဘဲပေးရတယ်လို့သိရပါတယ်။
BOT စနစ်က ၊အခွန်ကင်းလွတ်ခွင့်ရ
ဆောက်လုပ်ပြီးသွားရင်လည်းကုမ္ပဏီအမည်နဲ့ အိမ်ခန်းတွေကို ၊ ရောင်းချပိုင်ခွင့်မရှိစေရဆိုပြီးအစကတည်းကအစိုးရနဲ့ စာချုပ်ချုပ်ဆိုထားကြရတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုးကော်မရှင်ထံမှာ ၊ ခွင့်ပြုချက်လည်းယူရတယ်လို့ဆိုပါတယ်။ အခွင့်အရေးရရှိပုံကအားကျစရာပါ။အဆောက်အုံဆောက်လုပ်စဉ်
ကာလအတွင်းမှာ ၊ နိုင်ငံခြားမှ ဆောက်လုပ်ရေးပစ္စည်တွေသွင်းယူတဲ့အခါ အခွန်ကင်းလွတ်ခွင့်ရကြပါတယ်။ဒါကြောင့် BOTစနစ်နဲ့ ဆောက်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ အစိုးရဝန်ထမ်းရောကုမ္ပဏီဝန်ထမ်းရော ၊ ဝင်ငွေမှန်မှန်ရှိသူတွေရော ၊ အရစ်ကျဖြစ်စေ၊ နှစ်ရှည်ဖြစ်စေ ငှါးရမ်းနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
ဆောက်လုပ်ရေးကုမ္ပဏီများယှဉ်လိုက်တဲ့အခါ BOT ရထားတဲ့ ကုမ္ပဏီကသာလွန်
ဒီလိုဆိုတော့ မြေရှင်နဲ့အကျိုးတူပူးပေါင်းပြီဆောက်လုပ်တဲ့ကုမ္ပဏီတွေကိုကိုယ်ပိုင် မြေနေရာဝယ်ယူပြီးဆောက်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ၊ BOT စနစ်နဲ့ဆောက်တဲ့ သူတွေကိုမယဉ်နိုင်ကြတာတွေ့ရပါတယ်။ ဒါ့အပြင် BOT စနစ်နဲ့ ဆောက်လုပ်တဲ့ ကုမ္ပဏီတွေက၊ဈေးနှုန်းလျော့ရောင်းနေကြတဲ့ အတွက် ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီတွေမှာထိခိုက်နစ်နာမှုများနေကြောင်းလည်းသိရပါတယ်။
လက်ရှိအခြေအနေအရ ၂၀၁၇ ခုနှစ် မှာရန်ကုန်မြို့မှာအထပ်မြင့် အိမ်ရာစီမံကိန်းပြန်လည်သက်ဝင်လာသဖြင့် ၊ ဆောက်လုပ်ရေး
လုပ်ငန်းပိုမိုဖွံ့ဖြိုးလာတဲ့ အခြေအနေတွေကိုတွေ့မြင်နေရပါပြီ။ ဒါကြောင့် နိုင်ငံတော်အစိုးရမှ BOT စနစ်နဲ့ ဆောက်လုပ်သော
ကုမ္ပဏီများကို ၊စနစ်တကျ ပြန်လည်ထိန်းချုပ်ပြီး အခွန်ရာခိုင်နှုန်းများကိုလည်း၊ လျှော့ချပေးစေလိုပါကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရကြောင်းပါခင်ဗျာ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com