တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီ ဒေဝူး (Daewoo E&C) က ကာတာနိုင်ငံတွင် ကန်ဒေါ်လာ သန်း ၅၉၀ တန် အမြန်လမ်းမကြီး ဖောက်လုပ်မည့် ကန်ထရိုက်ရရှိသွားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
ကာတာရှိ အမြန်လမ်းမကြီးကွန်ယက်တွင် ၄ ဒသမ ၅ ကီလိုမီတာ တိုးချဲ့ဖောက်လုပ်ပေးရမည်ဖြစ်ပြီး အထပ် ၃ ထပ်၊ လမ်းဖြတ်များ ပါဝင်သည့် ၎
ကီလိုမီတာ လမ်းပိုင်းကိုလည်း တည်ဆောက်ပေးရမည် ဖြစ်သည်။
အဆိုပါစီမံကိန်းကို ဒေဝူးကုမ္ပဏီသို့ ၂၀၁၆ ခုနှစ်အတွင်းက ကန်ဒေါ်လာ သန်း ၇၃၀ ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သော်လည်း မူရင်းရည်မှန်းထားသော စီမံကိန်းတွင် ပြောင်းလဲမှုများရှိခဲ့ပြီးနောက် ယခုရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၉၀ ဖြင့်သာ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီရက်သတ္တပတ်အတွင်းမှာ စာချုပ်လက်မှတ်ရေးထိုးနိုင်မှုနဲ့အတူ ဒေဝူးဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားအကြို အခြားစီမံကိန်းတွေအများအပြားလည်း ဆက်လက်ရနိုင်ဖို့ အခွင့်အလမ်းတွေ အရမ်းကောင်းသွားပါတယ်” ဟု ကာတာမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)