အစိုးရအာဏာအလွှဲအ ပြောင်းမပြုလုပ်မီ ရက်ပိုင်းအလို
မတ်လတွင် မန္တလေးမြို့သာ စီမံကိန်းနှင့်ပတ်သက်၍ ယခင်အစိုး ရက စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့၍ နိုင်ငံအတွက် အကျိုးအမြတ်ရရှိမှု လျော့နည်းနစ်နာနေသော ကြောင့် စာချုပ်ထပ်မံပြင်ဆင် ချုပ်ဆိုမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။
‘‘မြို့သာစီမံကိန်းနဲ့ ပတ် သက်လို့ အစိုးရအကူးအပြောင်း ကာလ မတ်လမှာ စာချုပ်ပြင်ချုပ်ကြတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် နစ်နာလို့ မကြာခင် ပြန်ပြင်ချုပ်မယ်’’ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဇာနည်အောင်က ပြောကြား သည်။
မြို့သာ စက်မှုဥယျာဉ်စီမံ ကိန်းကို မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့ သာမြို့အနီးရှိ မြေဧက ၁၀,၀၀၄ ပေါ်တွင် ၂၀၁၃ က စတင်အ ကောင်အထည်ဖော်နေခြင်းဖြစ် သည်။
အဆိုပါစီမံကိန်းကို မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ သည့် ဦးအောင်ဝင်းခိုင် (Royal Hi-Tech ကုမ္ပဏီ) ပိုင်ဆိုင်သည့် မန္တလေး မြို့သာစက်မှုဥယျာဉ်ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (MMID)တို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ခြင်းဖြစ် သည်။
စီမံကိန်းအတွက် တိုင်းဒေ သကြီးအစိုးရအဖွဲ့က မြေရှင်အဖြစ်ပါဝင်ပြီး MMID ကုမ္ပဏီက Developer အဖြစ် ဆောင်ရွက် ခြင်းဖြစ်ကာ အကျိုးအမြတ်၏ ၂၀ ရာခိုင်နှုန်းကို တိုင်းအစိုးရအ ဖွဲ့က ရရှိမည်ဖြစ်သည်။
ကနဦး သဘောတူညီမှုများ အရ စီမံကိန်းဧရိယာကို သာမန် မြေအနေအထားမှ စက်မှုလုပ်ငန်း များလုပ်ကိုင်နိုင်သည် ရေ၊ မီး၊ လမ်းတံတားများဖြင့် ပြည့်စုံသည့် စက်မှုဇုန်မြေများအဖြစ် ဖွံ့ဖြိုး အောင်လုပ်ကိုင်ရမည်ဖြစ်ပြီး ထို သို့ စက်မှုဇုန်အဖြစ် ဖြစ်ပေါ်လာ သောအချိန်တွင် မြေနေရာရောင်း ချမှုမှ ရရှိသည့် ငွေကြေး၏ ၂၀ ရာခိုင်နှုန်းကို တိုင်းအစိုးရအဖွဲ့ကအကျိုးအမြတ်အဖြစ် ရရှိမည်ဖြစ် သည်။
သို့သော် ၂၀၁၆ မတ်လအ တွင်းက စာချုပ်ပြင်ဆင်ချုပ်ဆို ခဲ့ရာ သာမန်မြေတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုသာ တိုင်းအစိုးရအဖွဲ့ သို့ ပေးသွင်းရန် ယခင်အစိုးရက ပြန်လည်ပြင်ဆင်ခြင်း ဖြစ်သည် ဟု ဦးဇာနည်အောင်က ပြော သည်။
Credit: 7Daydaily